Graphics ပုံရိပ်များကို အဓိကအနေနဲ့ Vector Graphics နဲ့ Raster Graphics ဆိုပြီးအပိုင်း ၂ပိုင်းနဲ့ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ Vector Graphics မှာဆိုရင် ပုံတွေကို Line, Arc တွေနဲ့ အရင်ဆုံးဘောင်လိုင်း (တနည်းအားဖြင့် Stroke) တွေကို စဆွဲပါတယ်။ ပြီးရင်အတွင်းဘက်ကို အရောင်ခြယ်ဖို့ Fill Algorithm တစ်ခုခုသုံးတယ်။ ဥပမာ - အနီရောင် rectangle တစ်ခုကို ဘောင်အနက်ရောင်သုံးရင် ဒီလိုမြင်တွေ့ ရမှာပါ။
- Vector Graphics တွေကတော့ ဥပမာ - AutoCAD File တွေ၊ Illustrator, Coreal Draw File တွေဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ zoom ချဲ့ရင် ချဲ့သလောက် ပုံတွေက ကြည်လင်ပြတ် သားနေမှာ ဖြစ်ပါတယ်။
- Raster Graphics ကတော့ Pixel (Picture Element) လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထား တာပါ။ ဒီတော့ ပုံတစ်ပုံမှာပါတဲ့ pixel အရေအတွက်များလေလေ quality ကောင်းလေ Zoom ကိုလည်း အကျယ်ချဲ့ကြည့်နိုင်လေပါပဲ။ ဒီလို Pixel တွေဟာ တစ်လက်မအတွင်းမှာ ဘယ်လောက်အရေအတွက်ပါလဲဆိုတာကိုတော့ Resolution လို့ခေါ်ပါတယ်။ ဥပမာ - ပုံတစ်ပုံရဲ့ တစ်လက်မအတွင်းမှာရှိတဲ့ Pixel တွေဟာ 100 ရှိတယ်ဆိုရင် Resolution 100 dpi / ppi (dot per inch) or (pixel per inch)ရှိတယ်လို့ခေါ်နိုင်ပါတယ်။ JPEG, GIF, BMP စသည်ဖြင့် File name တွေနဲ့ရှိတာတွေအားလုံးဟာ Raster အမျိုးအစားတွေပါပဲ။
Photoshop မှာတော့ အဓိကအနေနဲ့ Raster Editing Software အမျိုးအစားဖြစ်ပါတယ်။ ပုံရိပ်တွေကို Pixel တွေအသွင်ဖြင့် အလုပ်လုပ်ပေးတာပါ။ အဲဒါကြောင့် File အသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ resolution ဘယ်လောက်လဲ ဘယ်နှစ်လက်မယူမှာလဲဟာ အရေးကြီးပါတယ်။ တကယ်လို့ ၆ လက်မ ၄ လက်မ File တစ်ခုကို resolution 100 နဲ့အလုပ်လုပ်မယ်ဆိုရင် Pixel အရေအတွက်ဟာ အလျားလိုက် 600 နဲ့ ဒေါင်လိုက် 400 ရှိမှာပါ။