Home
Menu1
Menu2
Menu3
Menu4
Menu5
Menu6
Menu7
Menu8
Menu9
Welcome to Vietnamese - Blogger Templates Convert - Helloximo.com
RSS
Download
Popular Posts
ပုံရိပ်များ၏ ဖွဲ့စည်းမှု
Graphics ပုံရိပ်များကို အဓိကအနေနဲ့ Vector Graphics နဲ့ Raster Graphics ဆိုပြီးအပိုင်း ၂ပိုင်းနဲ့ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ Vector Graphics မ...
Bit and Bytes
Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့) electronic information storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါသည်။ ၄င်းအနေဖြင့် information တွေက...
Artisteer - Automated Web Designer
Artisteer is the first and only Web design automation product that instantly creates fantastic looking, unique website templates and blog th...
Stuck on Database Config in Joomla Installation Step
Joomla Installation အဆင့် (၄) မှာရှိတဲ့ Database Configuration အဆင့်ရောက်ရင် Database Type, Host Name, Username, Passowrd, Database Name, Ta...
Drop Down List
Drop Down List အတွက်ဖြစ်ပါတယ်။ <form><select onchange="window.open(this.options[this.selectedIndex].value,'_blank')...
ယူနီကုဒ် အားသာချက်
မြန်မာအက္ခရာ တစ်လုံးတွင် ပုံစံကွဲပါသော်လည်း ယူနီကုဒ်တွင် ကုဒ် တစ်မျိုးတည်း သာရှိသည်။ စံသတ်မှတ်ချက်မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်ကဲ့သို့ အက...
Browser မှ Bookmarks Menuများကို Backup/Restore ပြုလုပ်ခြင်း
ကျွန်တော်တို့အားလုံး အင်တာနက်အသုံးပြုရင်းနဲ့ သတင်း၊ နည်းပညာ၊ သုတ၊ ရသ၊ အလုပ်အကိုင် အစရှိတဲ့ Website လေးတွေကို အသုံးပြုရင်း နှစ်သက်လို့ Browse...
CSS Advantages
HTML has its limitations when it comes to layout. Sure, you have 6 different levels of headings and 6 different sizes of fonts. You also hav...
Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သတ်နိုင်လဲ
ကျွန်တော်တို့ Joomla Website ဖန်တီးတဲ့နေရာမှာ Pages, Contents တွေကို အများအားဖြင့်တော့ အားလုံးကြည့်ရှုလို့ရအာင် (Publish) လုပ်ထားလေ့ရှိပါတယ်။...
Manual Installation Joomla 2.5
WampServer Version 2.2 တွင် server configuration အနေဖြင့် Apache Version: 2.2.22, PHP Version: 5.3.13, Loaded Extensions တွေနဲ့ MYSQL Vers...
Market information
Blog Archive
▼
2014
(5)
▼
February
(5)
Stuck on Database Config in Joomla Installation Step
ပုံရိပ်များ၏ ဖွဲ့စည်းမှု
Joomla Post နှင့် Upload Filesize ပမာဏတိုးခြင်း
Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သ...
HOW TO CREATE NEW JOOMLA MODULE POSITIONS
►
2013
(41)
►
October
(10)
►
September
(16)
►
August
(15)
Home
» Archives for February 2014
Stuck on Database Config in Joomla Installation Step
Joomla Installation အဆင့် (၄) မှာရှိတဲ့ Database Configuration အဆင့်ရောက်ရင် Database Type, Host Name, Username, Passowrd, Database Name, Table Prefix အချက်အလက်တွေ ထည့်သွင်းပြီး Next ပြုလုပ်တဲ့အခါမှာ နောက်တစ်ဆင့်ကို ဆက်မသွားပဲ အချိန်အကြာကြီး Loading ဖြစ်နေ တာမျိုး တွေ့ကြုံဖူးကြမှာပါ။ အဲဒီအဆင့်လေးကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာကို ကျွန်တော် ရှယ် ယာပေးချင်ပါတယ်။ ဖြစ်နိုင်ချေကတော့ Php run out of execution time ကြောင့် ဖြစ်တယ် လို့ ထင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းလမ်းနဲ့ အဆင်ပြေသွားတယ်ဗျ။
နည်းလမ်း (၁)
မိမိအသုံးပြုထားတဲ့ Wampserver မှာရှိတဲ့ apache, mysql, php, version တွေနဲ့ Joomla package version ကို စစ်ရန်။
နည်းလမ်း (၂)
အထက်ပါအတိုင်းမှန်ကန်ပါက wampmanager -> php -> php.ini ကိုသွားပါ။
max_execution_time ကိုရှာပါ။
Default သတ်မှတ်ပေးထားသော တန်ဖိုးကို ပြောင်းလဲဖို့လိုပါသည်။
ဥပမာ - max_execution_time=60
max_execution_time=240
နည်းလမ်း (၃)
Joomla Package အတွင်းရှိ Installation folder -> index.php ၏ Line 13 တွင် အောက်ပါကုဒ်ကို ထည့်သွင်းပြီး Install လုပ်ကြည့်ပါ။
Line 13: ini_set('display_errors', 0);
ပြီးတာနဲ့ Wampserver ကို Restart ပြုလုပ်ပြီး Joomla Package ကို အသစ်ထပ်မံ Installation ပြုလုပ် ကြည့်ပါ။ အဆင်ပြေသွားမည်ဟု ထင်ပါသည်။
Read more…
ပုံရိပ်များ၏ ဖွဲ့စည်းမှု
Graphics ပုံရိပ်များကို အဓိကအနေနဲ့ Vector Graphics နဲ့ Raster Graphics ဆိုပြီးအပိုင်း ၂ပိုင်းနဲ့ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ Vector Graphics မှာဆိုရင် ပုံတွေကို Line, Arc တွေနဲ့ အရင်ဆုံးဘောင်လိုင်း (တနည်းအားဖြင့် Stroke) တွေကို စဆွဲပါတယ်။ ပြီးရင်အတွင်းဘက်ကို အရောင်ခြယ်ဖို့ Fill Algorithm တစ်ခုခုသုံးတယ်။ ဥပမာ - အနီရောင် rectangle တစ်ခုကို ဘောင်အနက်ရောင်သုံးရင် ဒီလိုမြင်တွေ့ ရမှာပါ။
Vector Graphics တွေကတော့ ဥပမာ - AutoCAD File တွေ၊ Illustrator, Coreal Draw File တွေဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ zoom ချဲ့ရင် ချဲ့သလောက် ပုံတွေက ကြည်လင်ပြတ် သားနေမှာ ဖြစ်ပါတယ်။
Raster Graphics ကတော့ Pixel (Picture Element) လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထား တာပါ။ ဒီတော့ ပုံတစ်ပုံမှာပါတဲ့ pixel အရေအတွက်များလေလေ quality ကောင်းလေ Zoom ကိုလည်း အကျယ်ချဲ့ကြည့်နိုင်လေပါပဲ။ ဒီလို Pixel တွေဟာ တစ်လက်မအတွင်းမှာ ဘယ်လောက်အရေအတွက်ပါလဲဆိုတာကိုတော့ Resolution လို့ခေါ်ပါတယ်။ ဥပမာ - ပုံတစ်ပုံရဲ့ တစ်လက်မအတွင်းမှာရှိတဲ့ Pixel တွေဟာ 100 ရှိတယ်ဆိုရင် Resolution 100 dpi / ppi (dot per inch) or (pixel per inch)ရှိတယ်လို့ခေါ်နိုင်ပါတယ်။ JPEG, GIF, BMP စသည်ဖြင့် File name တွေနဲ့ရှိတာတွေအားလုံးဟာ Raster အမျိုးအစားတွေပါပဲ။
Photoshop မှာတော့ အဓိကအနေနဲ့ Raster Editing Software အမျိုးအစားဖြစ်ပါတယ်။ ပုံရိပ်တွေကို Pixel တွေအသွင်ဖြင့် အလုပ်လုပ်ပေးတာပါ။ အဲဒါကြောင့် File အသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ resolution ဘယ်လောက်လဲ ဘယ်နှစ်လက်မယူမှာလဲဟာ အရေးကြီးပါတယ်။ တကယ်လို့ ၆ လက်မ ၄ လက်မ File တစ်ခုကို resolution 100 နဲ့အလုပ်လုပ်မယ်ဆိုရင် Pixel အရေအတွက်ဟာ အလျားလိုက် 600 နဲ့ ဒေါင်လိုက် 400 ရှိမှာပါ။
Read more…
Joomla Post နှင့် Upload Filesize ပမာဏတိုးခြင်း
ပုံသေအားဖြင့် Wampserver Install ပြုလုပ်ပြီးနောက် post_max_size သည် Default အနေဖြင့် 8MB ရှိပြီး upload_max_filesize အနေနဲ့တော့ 128MB ရှိပါတယ်။ Joomla Media Manager/ Options/ Maximum Size သည် Default အနေဖြင့် 10 MB ဖြစ်ပါသည်။ Joomla စတင်အသုံးပြုချိန်တွင် Database တည်ဆောက်ရာမှာ Post and Upload ပမာဏတွေ မလိုအပ်သေးပေမယ့် နောက်ပိုင်း Backup လုပ်ထားတဲ့ Sql File တွေ၊ Images တွေကို Upload ပြုလုပ်တဲ့အခါ မဖြစ်မနေ ပမာဏတိုးချဲ့ပေးဖို့ လိုပါတယ်။ ဒါကြောင့် Joomla Media Manager ၏ Maximum upload size ကို တိုးမယ်ဆိုရင်
Login Backend panel.
Content> Media Manager
Click on Options.
Change Maximum Size 10 MB into something like "100 MB" or "500 MB"
Save and Close.
အထက်ပါအတိုင်းပြုလုပ်ပြီးနောက် Filesize 10 MB နှင့်အထက်ရှိသော Picture, Video တစ်ခုခုကို Media Manager အတွင်းသို့ Upload ပြုလုပ်ကြည့်ပါ။ Upload Complete ဖြစ်သွားရင်တော့ အောင်မြင်ပြီပြော ရပေမယ့် Upload မဖြစ်ဘူးဆိုရင်တော့ အောက်ပါလုပ်နည်းလေးကို ဆက်ဖက်လိုက်ပါဦး။
Media Manager မှာရှိတဲ့ Maximum Size ကိုတိုးလိုက်ပေမယ့် php.ini (The PHP's Setting file) အတွင်းမှာရှိတဲ့ upload_max_filesize နဲ့ post_max_size တွေရဲ့ တန်ဖိုးတွေကို ထပ်မံတိုးပေးဖို့ လိုအပ်လို့ပါပဲ။ ပြောရမယ်ဆိုရင်တော့ Joomla ရဲ့ Rule လို့ပဲပြောရမလားမသိ။ Joomla မှာရှိတဲ့ Maximum upload size တွေကို သတ်မှတ်တဲ့အခါ အောက်ပါအဆင့် ၃ ဆင့်နဲ့အမြဲ ဆုံးဖြတ်ပါတယ်။
Media Manager ထဲမှာရှိတဲ့ Maximum upload size ကို တိုးရမည်။
php.ini ဖိုင်အတွင်းရှိ upload_max_filesize ကိုတိုးရမည်။
php.ini ဖိုင်အတွင်းရှိ post_max_size ကိုတိုးရမည်။
Read more…
Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သတ်နိုင်လဲ
ကျွန်တော်တို့ Joomla Website ဖန်တီးတဲ့နေရာမှာ Pages, Contents တွေကို အများအားဖြင့်တော့ အားလုံးကြည့်ရှုလို့ရအာင် (Publish) လုပ်ထားလေ့ရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ ချွင်းချက်အနေဖြင့် Pages (သို့) Contents တွေကို သီးခြားကန့်သတ် ထားလိုတဲ့အခါ တစ်နည်း အားဖြင့် မိမိရဲ့ staff, registered members တွေ ကိုသာလျှင် ပြသလိုသောအခါ ဘယ်လိုအသုံးပြုမလဲဆိုတဲ့ နည်းလမ်းဖြစ်ပါသည်။
၁။ ပထမဆုံးအနေနဲ့ Joomla Admin Panel ကိုသွားပါ။
၂။ Private ပြုလုပ်လိုသည့် Article ကိုဖွင့်ပါ။
၃။ Status အောက်တွင် Access သတ်မှတ်ချက်ရှိပါသည်။
၎။ Registered ကိုရွေးမယ်ဆိုရင်တော့ မိမိရဲ့ အကြောင်းအရာကို Website တွင် Register ပြုလုပ် ထားသော User များသာ ဖတ်ရှုနိုင်ပါမည်။
၅။ Special ကိုရွေးမယ်ဆိုရင်တော့ Author Level နှင့်အထက် သတ်မှတ်ချက်ရှိသောသူများသာလျှင် ဖတ်ရှုနိုင်ပါမည်။
Read more…
HOW TO CREATE NEW JOOMLA MODULE POSITIONS
ဒီကိစ္စကတော့ Joomla ရဲ့ အလွန်ရိုးစဉ်းတဲ့ လှည့်စားမှုတစ်ခု လို့ ပြောရမှာပါပဲ။ Joomla မှာရှိတဲ့ Template တိုင်းမှာ ကိုယ်ပိုင် Module Positions က နဂိုကတည်းက ရှိပြီးသားပါ။ ဒါ့အပြင် Module တွေကို ဖန်တီးခြင်းအပိုင်းက Joomla မှာ အရေးပါတဲ့အပိုင်းဆိုရင် မှားမယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ Joomla ရဲ့ Page တိုင်းမှာရှိတဲ့ Content တွေကလွဲရင် Module တွေနဲ့ဖွဲ့စည်းထားတာ ဖြစ်လို့ပါပဲ။ ဆိုပါစို့ - ကျွန်တော်တို့က Joomla Homepage မှာ Facebook Fans, Weather Widget, Slider, Slideshow, Tags စတာတွေကို သုံးမယ်ဆိုရင် ဒါတွေဟာ Module တွေပါပဲ။ အဲဒါတွေကို ဘယ်နေရာမှာသုံးမလဲ (Module Position) ဆိုတဲ့ မသိဘူးဆိုရင် အချိန်တွေ အလဟသဖြစ်ဖို့ပဲ ရှိပါတယ်။ Module Positions တွေ ချပြီးမှသာ သက်ဆိုင်ရာ Content တွေကို ထည့်သွင်းအသုံးပြုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ မိမိအသုံးပြုမယ့် Template ရဲ့ Module Positions တွေက ဘာတွေလဲဆိုတာ သိဖို့အတွက် ဆိုရင် အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။
Login Administration Panel
Go to Extension > Template Manager
ညာဘက်အပေါ်ထောင့်ရှိ Options ကိုနှိပ်ပါ။
Preview Module Positions ကို Enable ပေးလိုက်ပါ။
Template Name ဘေးရှိ Preview Icon လေးကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။
Read more…
« Newer Posts
Home
Older Posts »
Top Hot
ပုံရိပ်များ၏ ဖွဲ့စည်းမှု
Bit and Bytes
Artisteer - Automated Web Designer
Stuck on Database Config in Joomla Installation Step
Drop Down List
ယူနီကုဒ် အားသာချက်
Browser မှ Bookmarks Menuများကို Backup/Restore ပြုလုပ်ခြင်း
CSS Advantages
Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သတ်နိုင်လဲ
Manual Installation Joomla 2.5
ADS