Stuck on Database Config in Joomla Installation Step
Joomla Installation အဆင့် (၄) မှာရှိတဲ့ Database Configuration အဆင့်ရောက်ရင် Database Type, Host Name, Username, Passowrd, Database Name, Table Prefix အချက်အလက်တွေ ထည့်သွင်းပြီး Next ပြုလုပ်တဲ့အခါမှာ နောက်တစ်ဆင့်ကို ဆက်မသွားပဲ အချိန်အကြာကြီး Loading ဖြစ်နေ တာမျိုး တွေ့ကြုံဖူးကြမှာပါ။ အဲဒီအဆင့်လေးကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာကို ကျွန်တော် ရှယ် ယာပေးချင်ပါတယ်။ ဖြစ်နိုင်ချေကတော့ Php run out of execution time ကြောင့် ဖြစ်တယ် လို့ ထင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းလမ်းနဲ့ အဆင်ပြေသွားတယ်ဗျ။
နည်းလမ်း (၁)
မိမိအသုံးပြုထားတဲ့ Wampserver မှာရှိတဲ့ apache, mysql, php, version တွေနဲ့ Joomla package version ကို စစ်ရန်။
နည်းလမ်း (၂)
အထက်ပါအတိုင်းမှန်ကန်ပါက wampmanager -> php -> php.ini ကိုသွားပါ။
max_execution_time ကိုရှာပါ။
Default သတ်မှတ်ပေးထားသော တန်ဖိုးကို ပြောင်းလဲဖို့လိုပါသည်။
ဥပမာ - max_execution_time=60
    max_execution_time=240
နည်းလမ်း (၃)
Joomla Package အတွင်းရှိ Installation folder -> index.php ၏ Line 13 တွင် အောက်ပါကုဒ်ကို ထည့်သွင်းပြီး Install လုပ်ကြည့်ပါ။
Line 13: ini_set('display_errors', 0);
ပြီးတာနဲ့ Wampserver ကို Restart ပြုလုပ်ပြီး Joomla Package ကို အသစ်ထပ်မံ Installation ပြုလုပ် ကြည့်ပါ။ အဆင်ပြေသွားမည်ဟု ထင်ပါသည်။
Read more…
ပုံရိပ်များ၏ ဖွဲ့စည်းမှု
Graphics ပုံရိပ်များကို အဓိကအနေနဲ့ Vector Graphics နဲ့ Raster Graphics ဆိုပြီးအပိုင်း ၂ပိုင်းနဲ့ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ Vector Graphics မှာဆိုရင် ပုံတွေကို Line, Arc တွေနဲ့ အရင်ဆုံးဘောင်လိုင်း (တနည်းအားဖြင့် Stroke) တွေကို စဆွဲပါတယ်။ ပြီးရင်အတွင်းဘက်ကို အရောင်ခြယ်ဖို့ Fill Algorithm တစ်ခုခုသုံးတယ်။ ဥပမာ - အနီရောင် rectangle တစ်ခုကို ဘောင်အနက်ရောင်သုံးရင် ဒီလိုမြင်တွေ့ ရမှာပါ။
  • Vector Graphics တွေကတော့ ဥပမာ - AutoCAD File တွေ၊ Illustrator, Coreal Draw File တွေဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ zoom ချဲ့ရင် ချဲ့သလောက် ပုံတွေက ကြည်လင်ပြတ် သားနေမှာ ဖြစ်ပါတယ်။ 
  • Raster Graphics ကတော့ Pixel (Picture Element) လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထား တာပါ။ ဒီတော့ ပုံတစ်ပုံမှာပါတဲ့ pixel အရေအတွက်များလေလေ quality ကောင်းလေ Zoom ကိုလည်း အကျယ်ချဲ့ကြည့်နိုင်လေပါပဲ။ ဒီလို Pixel တွေဟာ တစ်လက်မအတွင်းမှာ ဘယ်လောက်အရေအတွက်ပါလဲဆိုတာကိုတော့ Resolution လို့ခေါ်ပါတယ်။ ဥပမာ - ပုံတစ်ပုံရဲ့ တစ်လက်မအတွင်းမှာရှိတဲ့ Pixel တွေဟာ 100 ရှိတယ်ဆိုရင် Resolution 100 dpi / ppi (dot per inch) or (pixel per inch)ရှိတယ်လို့ခေါ်နိုင်ပါတယ်။ JPEG, GIF, BMP စသည်ဖြင့် File name တွေနဲ့ရှိတာတွေအားလုံးဟာ Raster အမျိုးအစားတွေပါပဲ။ 
Photoshop မှာတော့ အဓိကအနေနဲ့ Raster Editing Software အမျိုးအစားဖြစ်ပါတယ်။ ပုံရိပ်တွေကို Pixel တွေအသွင်ဖြင့် အလုပ်လုပ်ပေးတာပါ။ အဲဒါကြောင့် File အသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ resolution ဘယ်လောက်လဲ ဘယ်နှစ်လက်မယူမှာလဲဟာ အရေးကြီးပါတယ်။ တကယ်လို့ ၆ လက်မ ၄ လက်မ File တစ်ခုကို resolution 100 နဲ့အလုပ်လုပ်မယ်ဆိုရင် Pixel အရေအတွက်ဟာ အလျားလိုက် 600 နဲ့ ဒေါင်လိုက် 400 ရှိမှာပါ။
Read more…
Joomla Post နှင့် Upload Filesize ပမာဏတိုးခြင်း
ပုံသေအားဖြင့် Wampserver Install ပြုလုပ်ပြီးနောက် post_max_size  သည် Default အနေဖြင့် 8MB ရှိပြီး upload_max_filesize အနေနဲ့တော့ 128MB ရှိပါတယ်။ Joomla Media Manager/ Options/ Maximum Size သည် Default အနေဖြင့် 10 MB ဖြစ်ပါသည်။ Joomla စတင်အသုံးပြုချိန်တွင် Database တည်ဆောက်ရာမှာ Post and Upload ပမာဏတွေ မလိုအပ်သေးပေမယ့် နောက်ပိုင်း Backup လုပ်ထားတဲ့ Sql File တွေ၊ Images တွေကို Upload ပြုလုပ်တဲ့အခါ မဖြစ်မနေ ပမာဏတိုးချဲ့ပေးဖို့ လိုပါတယ်။ ဒါကြောင့် Joomla Media Manager ၏ Maximum upload size ကို တိုးမယ်ဆိုရင်
  1. Login Backend panel.
  2. Content> Media Manager
  3. Click on Options.
  4. Change Maximum Size 10 MB into something like "100 MB" or "500 MB"
  5. Save and Close.
အထက်ပါအတိုင်းပြုလုပ်ပြီးနောက် Filesize 10 MB နှင့်အထက်ရှိသော Picture, Video တစ်ခုခုကို Media Manager အတွင်းသို့ Upload ပြုလုပ်ကြည့်ပါ။ Upload Complete ဖြစ်သွားရင်တော့ အောင်မြင်ပြီပြော ရပေမယ့် Upload မဖြစ်ဘူးဆိုရင်တော့ အောက်ပါလုပ်နည်းလေးကို ဆက်ဖက်လိုက်ပါဦး။
Media Manager မှာရှိတဲ့ Maximum Size ကိုတိုးလိုက်ပေမယ့် php.ini (The PHP's Setting file) အတွင်းမှာရှိတဲ့ upload_max_filesize နဲ့ post_max_size တွေရဲ့ တန်ဖိုးတွေကို ထပ်မံတိုးပေးဖို့ လိုအပ်လို့ပါပဲ။ ပြောရမယ်ဆိုရင်တော့ Joomla ရဲ့ Rule လို့ပဲပြောရမလားမသိ။ Joomla မှာရှိတဲ့ Maximum upload size တွေကို သတ်မှတ်တဲ့အခါ အောက်ပါအဆင့် ၃ ဆင့်နဲ့အမြဲ ဆုံးဖြတ်ပါတယ်။
  1. Media Manager ထဲမှာရှိတဲ့ Maximum upload size ကို တိုးရမည်။
  2. php.ini ဖိုင်အတွင်းရှိ upload_max_filesize ကိုတိုးရမည်။
  3. php.ini ဖိုင်အတွင်းရှိ post_max_size ကိုတိုးရမည်။
Read more…
Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သတ်နိုင်လဲ
ကျွန်တော်တို့ Joomla Website ဖန်တီးတဲ့နေရာမှာ Pages, Contents တွေကို အများအားဖြင့်တော့ အားလုံးကြည့်ရှုလို့ရအာင် (Publish) လုပ်ထားလေ့ရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ ချွင်းချက်အနေဖြင့် Pages (သို့) Contents တွေကို သီးခြားကန့်သတ် ထားလိုတဲ့အခါ တစ်နည်း အားဖြင့် မိမိရဲ့ staff, registered members တွေ ကိုသာလျှင် ပြသလိုသောအခါ ဘယ်လိုအသုံးပြုမလဲဆိုတဲ့ နည်းလမ်းဖြစ်ပါသည်။
၁။    ပထမဆုံးအနေနဲ့ Joomla Admin Panel ကိုသွားပါ။
၂။    Private ပြုလုပ်လိုသည့် Article ကိုဖွင့်ပါ။
၃။    Status အောက်တွင် Access သတ်မှတ်ချက်ရှိပါသည်။
၎။  Registered ကိုရွေးမယ်ဆိုရင်တော့ မိမိရဲ့ အကြောင်းအရာကို Website တွင် Register ပြုလုပ် ထားသော User များသာ ဖတ်ရှုနိုင်ပါမည်။
၅။    Special ကိုရွေးမယ်ဆိုရင်တော့ Author Level နှင့်အထက် သတ်မှတ်ချက်ရှိသောသူများသာလျှင် ဖတ်ရှုနိုင်ပါမည်။
Read more…
HOW TO CREATE NEW JOOMLA MODULE POSITIONS
ဒီကိစ္စကတော့ Joomla ရဲ့ အလွန်ရိုးစဉ်းတဲ့ လှည့်စားမှုတစ်ခု လို့ ပြောရမှာပါပဲ။ Joomla မှာရှိတဲ့ Template တိုင်းမှာ ကိုယ်ပိုင် Module Positions က နဂိုကတည်းက ရှိပြီးသားပါ။ ဒါ့အပြင် Module တွေကို ဖန်တီးခြင်းအပိုင်းက Joomla မှာ အရေးပါတဲ့အပိုင်းဆိုရင် မှားမယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ Joomla ရဲ့ Page တိုင်းမှာရှိတဲ့ Content တွေကလွဲရင် Module တွေနဲ့ဖွဲ့စည်းထားတာ ဖြစ်လို့ပါပဲ။ ဆိုပါစို့ - ကျွန်တော်တို့က Joomla Homepage မှာ Facebook Fans, Weather Widget, Slider, Slideshow, Tags စတာတွေကို သုံးမယ်ဆိုရင် ဒါတွေဟာ Module တွေပါပဲ။ အဲဒါတွေကို ဘယ်နေရာမှာသုံးမလဲ (Module Position) ဆိုတဲ့ မသိဘူးဆိုရင် အချိန်တွေ အလဟသဖြစ်ဖို့ပဲ ရှိပါတယ်။ Module Positions တွေ ချပြီးမှသာ သက်ဆိုင်ရာ Content တွေကို ထည့်သွင်းအသုံးပြုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ မိမိအသုံးပြုမယ့် Template ရဲ့ Module Positions တွေက ဘာတွေလဲဆိုတာ သိဖို့အတွက် ဆိုရင် အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။
  1. Login Administration Panel
  2. Go to Extension > Template Manager
  3. ညာဘက်အပေါ်ထောင့်ရှိ Options ကိုနှိပ်ပါ။
  4. Preview Module Positions ကို Enable ပေးလိုက်ပါ။
  5. Template Name ဘေးရှိ Preview Icon လေးကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။
    Read more…
    စမ်းသုံးကြည့်သင့်တဲ့ CLOUDFLARE
    Cloudflare ဆိုတာ Website တွေကို Speed မြန်အောင်လုပ်တဲ့ Service တစ်ခုပါ။ မြန်လားဆို ရင်တော့ တော်တော်လေး ကို သိသိသာသာလေး (သူအဆိုရဆိုရင်60% လောက်) မြန် သွားပါတယ်။ သူအလုပ်လုပ်တာကတော့ အသေးစိတ် မသိပေမယ့် အကြမ်းဖြင်းအရဆိုရင်တော့ သူမှာ Content Delivery Network လို Serverတွေအများကြီးရှိပါလိမ့်မယ်။ ခေါ်ရင် အနီးဆုံး server ကနေ reply ပြန်တော့ ပိုမြန်တယ် သွားတယ်လို့ထင်ပါတယ်။ ဒီအကြောင်းကို Cloudflare ရဲ့ CEO ကိုယ်တိုင်ဒီမှာ ဖြေထားတာရှိပါတယ်။
    ပိုမိုမြန်ဆန်ရုံသာမက ကိုင်တွယ်ရပိုမိုလွယ်ကူပြီး security ကိုလည်းအတော်အသင့်ကောင်းတယ်လို့တော့ ဆိုထားပါတယ်။ ဒါအပြင် ကိုယ်ဆိုဒ်ရဲ့ bandwidth ကိုရော request ကိုပါ သက်သာစေပြီး dashboard ထဲကနေတစ်ဆင့် Visitors , Threats , crawlers တွေကို သီးသန့်ခွဲခြားပြီးကြည့်နိုင်ပါတယ်။ ကိုယ်ဆိုဒ်မှာ threats တွေ traffic သိပ်များနေရင်လည်း (ဥပမာ DOS အတိုက်ခံရတဲ့အခြေအနေမျိုးမှာဆိုရင်) IP ကို banned လုပ်လို့ရပါတယ်။ Theats ထဲမှာလည်း spammers , botent zombie rule breaker ခွဲခြားထားပြီး block မလား trust မလားဆိုတာကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဒါအပြင် ကိုယ်စိတ်ကြိုက် IP တွေ zone တွေ country တွေ block လုပ်ချင်လုပ်လို့ရပါတယ်။
    သူဆိုထားတာကတော့ သူရဲ့ stats ဟာ javascript နဲ့ count လုပ်တာမဟုတ်တဲ့အတွက် click count ကိုကြည့်တာ အတွက်ကြောင့် spider တွေရဲ့ index လုပ်တာတွေရော javascript disable လုပ်ထားတဲ့ result ကိုပါထည့်သွင်း တွက်ချက်ပါတယ်။ ဒါကြောင့် GA (Google Analyst ) နဲ့နှိုင်းစားရင် click count ကပိုများကောင်းများ နေပါလိမ့်မယ်။ တခြားတွဲဖက်အသုံးပြုလို့ရတဲ့ apps တွေလည်းပါဝင်ပါတယ်။ အဲဒါတွေကတော့
    1. VigLink သင့်ဆိုဒ်ကိုဝင်လာတဲ့ outbound links တွေကနေတစ်ဆင့် ပိုက်ဆံဝင်အောင်လုပ်ပေးတဲ့ service တစ်ခုပါ။ (အခမဲ့ အသုံးပြုနိုင်ပါတယ်။ )
    2. CLicky ကတော့ real time analytics service တစ်ခုပါ။ GA (Google Analytics) လိုတစ်ရက် စောင့်စရာ မလိုပါဘူး။ (အခနဲ့ပေးရတဲ့ service ဖြစ်ပါတယ်။) Clicky acc ရှိပြီးသားသူတွေနဲ့လည်းချိတ်ဆက်နိုင်ပါတယ်။
    3. Apture သူကတော့ contextual search feature တစ်ခုပါ။ user တွေကိုပိုမိုဆွဲဆောင်နိုင်တယ်လို့ ညွန်းထားပါတယ်။ (အခမဲ့အသုံးပြုနိုင်ပါတယ်။)
    4. Monitis Uptime ကို စောင့်ကြည့်ပေးတဲ့ service တစ်ခုပါ။ သူဆိုဒ် ၊ server နဲ့ application တွေရဲ့ performance ကိုပါအလွယ်တကူစောင့်ကြည့်ပေးပါတယ်။ (အခနဲ့အသုံးပြုတာပါ။)
    5. Uservoice သူကတော့ cloudflare နဲ့တွဲဖက်ပြီး သူဆိုဒ်ကိုဖတ်ရှုတဲ့သူတွေ အလွယ်တကူ feedback ပေးနိုင်အောင် ပြုလုပ်ပေးတဲ့ service တစ်ခုပါ။ feedback tab ကိုထည့်သွင်းပေးပြီး user အနေနဲ့ page ပြောင်းစရာမလိုပဲ တစ်ထိုင်တည်း feedback ပေးနိုင်ပါတယ်။ (အခနဲ့အသုံးပြုတာပါ။)
    6. Pingdom ဆိုတဲ့ app ကတော့ သင်ဆိုဒ်ရဲ့ uptime နဲ့ performance ကိုစောင့်ကြည့်ပေးပြီး သင်ဆိုဒ် ဒေါင်းသွားရင် သင့်ဆီအကြောင်းကြားမှာဖြစ်တဲ့အတွက် အမြဲမပြတ်သွားပြီးကြည့်စရာမလိုတော့ဘူးပေါ့။ (free account မှာ domain တစ်ခုအတွက် အခမဲ့အသုံးပြုခွင့်ရှိပါတယ်။) 
    7. SnapEngage ကတော့ gtalk ကနေဖြစ်ဖြစ် skype ကနေဖြစ်ဖြစ် chat နိုင်အောင်လုပ်ထားပေးတဲ့ chat box တစ်ခုပါ။ (အခနဲ့အသုံးပြုတာပါ။) 
    8. ExceptionHub Exception ကတော့ သင်ဆိုဒ်မှာရှိတဲ့ javascript error တွေကိုဖော်ပြပေးတဲ့အတွက် အလွယ်တကူ debug လုပ်နိုင်ပါတယ်။ (အခနဲ့အသုံးပြုတာပါ။) 
    9. Zoompf WPO ဟာ cloud အခြေပြု service တစ်ခုဖြစ်ပြီး web performance testing နဲ့ optimization အတွက်အသုံးပြုနိုင်ပါတယ်။ (အခနဲ့အသုံးပြုတာပါ။) 
    10. Globalsign Hackalert ကတော့ Cloud အခြေပြု website တွေမှာရှိတဲ့ malware တွေကို detect လုပ်ပေးတဲ့ စောင့်ကြည့်တဲ့ service တစ်ခုပါ။ (အခနဲ့အသုံးပြုတာပါ။) 
    11. BrowserBlaster သူကတော့ ဘာမှ ဆိုဒ်ထဲမှာ implement လုပ်စရာမလိုပဲ keypad navigation လုပ်နိုင်အောင် support လုပ်ပေးတာပါ။ (အခနဲ့အသုံးပြုတာပါ။) 
    12. StopTheHacker သင်ဆိုဒ်ရဲ့ ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးတဲ့ service တစ်ခုဖြစ်ပြီး အဟက်မခံ ရအောင် သတိပေးပါတယ်။ (အခကြေးငွေနဲ့ဖြစ်ပါတယ်။) 
    13. cdnjs.com ကတော့ Open Source repository တစ်ခုဖြစ်ပြီး CDN (content Delivery Network) ဖြစ်တဲ့အတွက် ကိုယ်ဆိုဒ်ရဲ့ javascript loading ကိုပိုမိုမြန်ဆန်စေမှာပါ။ ( အခမဲ့အသုံးပြုနိုင်ပါတယ်။) 
    14. COdeguard ကတော့ သင့်ဆိုဒ်ကို အချိန်နဲ့အမျှ backup လုပ်ပေးတဲ့ service တစ်ခုပါ။ ဆိုဒ်ဒေါင်းသွားရင်ဖြစ်စေ အဟက်ခံရရင်ဖြစ်စေ ပြန်ပြီးတော့ recover လုပ်လို့ရပါတယ်။ (အခမဲ့ဖြစ်တဲ့ Basic Plus Plan မှာတော့ 1GB အထိပေးပါတယ်။) 
    15. Google Analytics Web master တိုင်း လက်မလွတ်နိုင်တဲ့ နာမည်ကျော် Google Analytics နဲ့ ချိတ်ဆက်လို့ ရပါတယ်။ (အခမဲ့သုံးနိုင်ပါတယ်။) 
    16. Google WebMaster Google WebMaster နဲ့ချိတ်တာပါ။ တော်တော်အသုံးဝင်ပါတယ်။ crawling , indexing နဲ့ search traffic နဲ့ပတ်သတ်ပြီးအလွယ်တကူကြည့်နိုင်ပါတယ်။ (အခမဲ့သုံးနိုင်ပါတယ်။)
    Cloudflare ကို free , Pro နဲ့ enterprise လို့သုံးမျိုးခွဲထားပါတယ်။ pro နဲ့ enterprise ကိုတော့ တန်မတန် မသုံးဖို့လို မသိပါ။ free ဆိုရင်တော့ တော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါတယ်။ လက်ရှိ Mysteryzillion လည်း cloudflare ကိုသုံးထားပါတယ်။ cloudflare ကိုသုံးရင် register လုပ်ပြီး သူရဲ့ name server နှစ်ခုကို domain နဲ့ချိတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်လည်းကြိုက်ချင်မှကြိုက်ပေမယ့် စမ်းတော့သုံးကြည့်သင့်တယ်လို့ ယူဆတဲ့ service တစ်ခုပါ။
    From: Internet
    Read more…
    Diff Between Web Designer and Web Developer
    Web Designer
    Web Designer ဆိုတာက Website တစ်ခုရဲ့ ဒီဇိုင်းပိုင်းကို အဓိကတာဝန်ယူရတဲ့သူပါ။ Logo က ဘယ်လို၊ Banner,  Navigation က ဘယ်လိုပုံစံ စသဖြင့် ဖန်တီးရတဲ့သူလို့ထင်ပါတယ်။ Web တည်ဆောက်ဖို့ HTML , CSS , Javascript , Jquery အဓိက ကျွမ်းကျင်ရတယ်။ Design အတွက် idea ကောင်းတွေရှိရမယ်။ Photoshop , Flash ကိုလည်း အထိုက်လျှောက်ကျွမ်းကျင်ရတယ်။ နောက်ပြီးတော့ Color Theory ပိုင်းနဲ့ အရောင်တွေကို ဘယ်လိုတွဲဖက်ပြီး သုံးရမလဲ ဆိုတာကိုလည်း နားလည်ရမယ်။ အဓိကအားဖြင့် Website အတွက် Template တစ်ခုထွက်လာအောင် ဖန်တီးပေးရခြင်းက သူ့အလုပ်ပါပဲ။
    Web Developer
    Developer ကတော့ Web Designer က ဖန်တီးလိုက်တဲ့ ပုံတွေကို Website တစ်ခုအဖြစ်  အသက်သွင်းရတဲ့ သူပါ။ Website တွေအလုပ်လုပ်အောင် Coding ပိုင်းနဲ့ရေးသားတည်ဆောက်ပြီး HTML, CSS, JavaScript, PHP, SQL, ASP.NET နားလည်ထားရပါမည်။ ဒါ့အပြင် PHP, ASP.NET စသဖြင့် ကိုယ်သုံးမယ့် Language ကို ကျွမ်းကျင်ရမယ်။  Database ပိုင်းမှာလည်း Mysql, MSSql တစ်ခုခုသိထားရမည်။ နောက်ပြီးတော့ System Design တွေကို သိရမယ်။ Design သမားဆွဲထားတဲ့ Template Design ပေါ်မှာ အဆင်ပြေစွာ အလုပ်လုပ်နိုင် ရမယ်။ Design နဲ့ Developer တွေ ကွဲပြားပြီး တည်ရှိနေတာရှားတယ်။ Joomla မှာ အဲဒီပြဿနာတွေ မရှိပါဘူး။ Design သမားကလည်း Design ကိုရေးနေတဲ့အချိန် တပြိုင်နက်တည်းမှာပဲ Developer သမား ကလည်း Coding ပိုင်းတွေကို ပြင်ဆင်နေလို့ရပါတယ်။ HTML ဆိုဒ်တွေမှာတော့ မဖြစ်နိုင်ပါဘူး။
    များသောအားဖြင့် Web developer တွေက Graphic ပိုင်းကော ကုဒ်ဒင်းပိုင်းတွေဖြစ်တဲ့ XHTML, CSS နဲ့ Web Programming Language တွေဖြစ်တဲ့ PHP, ASP စသဖြင့် တစ်ခုခုတော့ ကျွမ်းကျင်ကြပါတယ်။ Web Master တွေကျတော့ Server ပိုင်းတွေ၊ Security တွေကို အဓိကကိုင်ပြီး Web Development ပိုင်းမှာလဲ Knowledge ထက်နည်းနည်းပိုပြီး အကျွမ်းတဝင်ရှိပါတယ်။
    Web developer ဖြစ်လာရင် Expolit ဆိုတာမသိပါဘူး။ Expolit သုံးပြီး Web developer တွေရေးတဲ့ Web Site တွေကို Hacker တွေက တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် သင်က Web developer တစ်ယောက်ဖြစ်တဲ့ အတွက် ဒါတွေကိုလည်း လေ့လာသင့်တယ်လို့ထင်ပါတယ်။ ဆိုလိုတာက Web Developer တစ်ယောက်က Joomla Website တစ်ခုကို ဖန်တီးနိုင်ယုံနဲ့တင် မရပါဘူး။ အဲဒီအချိန်မှာ Hacker ကလည်း Joomla Expolit လေးနဲ့ လက်တည်းစမ်းကြည့်နိုင်ပါတယ်။
    ဒါကြောင့် Web Developer သမားတွေက Security ကို ကိုယ်နဲ့မဆိုင်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်။ သင့်ရဲ့ Website ကို အမြဲတမ်း Version အလိုက် Update ပြုလုပ်ပေးပါ။ ဘာလို့လဲဆိုတော့ Expolit တွေမှာ Version တွေရှိပါတယ်။ ပြီးတော့ ကိုယ်ရေးမယ့် Website အမျိုးအစားက Expolit ရှိလားဆိုတာ အရင်ရှာရင် ကောင်းပါတယ်။ မရှိဘူးဆိုရင် အဲဒီအမျိုးစားကိုရွေးချယ်ပြီး Developing လုပ်ပေါ့။ ဒါဆိုရင်တော့ မိမိရဲ့ဝဘ်ဆိုဒ် Hack ခံရတာ မဖြစ်နိုင်တော့ဘူး။ Hacker နဲ့ Developer က တစ်ယောက်နဲ့တစ်ယောက် မှီခိုနေတာပါ။
    မှတ်ချက်။ အင်တာနက်ဗဟုသုတများထဲမှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
    Read more…
    Artisteer - Automated Web Designer
    Artisteer is the first and only Web design automation product that instantly creates fantastic looking, unique website templates and blog themes. With Artisteer YOU immediately become a Web design expert, editing and slicing graphics, coding XHTML and CSS, and creating Web Design Templates, Joomla templates, Drupal themes, Wordpress themes, DotNetNuke skins, and Blogger templates (Beta) - all in minutes, without Photoshop or Dreamweaver, and no technical skills.
    Top 10 reasons to use Artisteer
    1. Generate cool Web design ideas.
    2. Adjust generated designs to create great looking Web and Blog templates.
    3. Create perfectly correct, validated HTML and CSS that conform to Web standards.
    4. You don't need to learn Photoshop, CSS, HTML and other Web technologies to create great looking designs, including images and buttons.
    5. If you are a Web designer, generate ideas, prototypes and quick Websites for your clients and friends.
    6. Choose and use many included design elements, from backgrounds to photo objects and buttons.
    7. Automatically solve problems with image aliasing, Web browser compatibility and other details requiring time and knowledge.
    8. Learn how to create professional HTML and CSS code.
    9. Save money on Wordpress Themes and Web design templates.
    10. If you don't have the time, hire your kids to create great looking web design for you.
    Read more…
    Browser မှ Bookmarks Menuများကို Backup/Restore ပြုလုပ်ခြင်း
    ကျွန်တော်တို့အားလုံး အင်တာနက်အသုံးပြုရင်းနဲ့ သတင်း၊ နည်းပညာ၊ သုတ၊ ရသ၊ အလုပ်အကိုင် အစရှိတဲ့ Website လေးတွေကို အသုံးပြုရင်း နှစ်သက်လို့ Browser Bookmarks မှာသိမ်းထားတတ်ကြပါတယ်။ ဒီနေရာမှာ ကိုယ်ကသိမ်းထားချင်တဲ့ Website URL တွေကို သက်ဆိုင်ရာ ကဏ္ဍလေးတွေအလိုက် စုစည်းထားမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကိုယ်ပြန်ရှာချင်တဲ့အခါ သတင်းဆိုဒ်လား၊ အလုပ်အကိုင် နဲ့ပတ်သက်တာလား၊ နည်းပညာနဲ့ပတ်သက်တဲ့ ဆိုဒ်လားဆိုတာ တိတိကျကျပြန်ရှာလို့ ရမှာပါ။
    Bookmarks Menu တွေပြုလုပ်ပြီးနောက် မိမိက Windows အသစ်တင်တဲ့အခါ မှတ်ထားတဲ့ Bookmarks Menu လေးတွေကို ဘယ်လို Backup လုပ်ထားရမလဲ။ Browser အသစ်ပြန်သုံးတဲ့အခါ ဘယ်လို Restore လုပ်ရမလဲဆိုတာကို အောက်ပါနည်းလမ်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်။
    Firefox အတွက်ကတော့ Backup ပြုလုပ်ဖို့ History Menu > Show All History > Import and Backup > Backup ကိုနှိပ်လိုက်ရင် Bookmarks Date လေးနဲ့သိမ်းလို့ရပါပြီ။ သိမ်းထားတဲ့ Backup File ကို Restore ပြန်လုပ်ဖို့ကတော့ History Menu > Show All History > Import and Backup > Restore > Choose File ကတစ်ဆင့် ပြန်လည် Restore ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
    Chrome အတွက် Backup ပြုလုပ်ဖို့ Bookmarks > Bookmarks Manager > Organize ရဲ့အောက်နားမှာရှိတဲ့
    Import bookmarks from HTML File , Export bookmarks to HTML file ကို အသုံးပြုနိုင်ပါတယ်။
    Read more…
    Social Network ဆိုတာ
    အခုခေတ် အင်တာနက်အသုံးပြုတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေ တဲ့ အခေါ်အဝေါ်တစ်ခုပါ။ Mobile Phone နဲ့အသုံးပြုလို့လည်းရတယ်။ အင်တာနက်ပေါ်မှာ ရှိတဲ့ လူတွေအများကြီးနဲ့လည်း အချင်းချင်း ချိတ်ဆက်ပြီး ၀ါသနာတူ စိတ်ဝင်စားတဲ့နယ်ပယ်အလိုက် Friend, Group ပြုလုပ်ပြီး ဆုံးဆည်းနိုင်တဲ့ နယ်ပယ်တစ်ခု လို့ပြောမယ်ဆိုလည်း မှားမယ်မထင်ပါဘူး။ Social Network Site တွေကို Free သုံးလို့ရတယ်။ ဘာလို့လည်း ကိုယ်ကမန်ဘာလုပ်လိုက်တာနဲ့ ကိုယ့်ရဲ့data တွေကို သူကြိုက်သလို စီမံနိုင်ခွင့်ရှိတယ်။ ဒါတွေကို သဘောတူလို့ Free သုံးခွင့်ရတာပါ။ အခုနောက်ပိုင်းမှာ account အသစ်ဖန်တီးစရာမလိုတော့ပဲ ရှိပြီးသား Email ID, Password တွေကိုပဲသုံးပြီး ၀င်လိုရတဲ့ Social site တွေ အများကြီးရှိလာပါပြီ။
    Social Network တွေသုံးပြီး ဘာတွေလုပ်လို့ရနိုင်လဲဆိုတော့ စည်းရုံးလုပ်ဆော်မှုတွေ လုပ်တာပဲဖြစ်ဖြစ် သတင်းတစ်ခုကို လူတကာသိအောင် ချပြချင်တာမျိုး ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကြော်ငြာချင်တာလား ဘာပဲဖြစ်ဖြစ် email တွေသုံးပြီး စာပို့နေစရာမလိုတော့ပါဘူး။ အချိန်တို အတွင်းမှာပဲ ကိုယ်က သိစေချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို Social Network အတွင်းမှာ ရှိတဲ့ သန်းချီသောလူပေါင်းများစွာဆီကို ပို့ပေးနိုင်ပါတယ်။
    Social Network အသုံးပြုခြင်းကြောင့် မိမိအတွက် ကောင်းကျိုးဖြစ်စေမှာလား ဆိုးကျိုးတွေရလာမှာလား ဆိုတာကတော့ အသုံးပြုသူရဲ့လုပ်ဆောင်မှုတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နောက်ဆုံး ဘယ်လောက် အထိ ဆက်ဖြစ်လာနိုင်မလဲဆိုတာကတော့ မိမိတင်လိုက်တဲ့ အကြောင်းအရာတွေ သတင်းအချက်အလက်
    တွေပေါ်မူတည်ပြီး social engineering နည်းစနစ်အရ တိုက်ခိုက်မှုတွေကိုပါ ခံလာနိုင်ပါတယ်။
    Read more…
    Google Analytics Feature
    မိမိဝဘ်ဆိုဒ်ကို တစ်နေ့ ဘယ်နှစ်ယောက်လာကြည့်ကျလဲ၊ ဘယ်ပို့စ်ကို ပိုစိတ်ဝင်စားကျလဲ ဆိုတာကို သိရှိနိုင်ရန်၊ စီးပွားရေးနဲ့ပတ်သက်ပြီး ecommerce website တွေမှာဆိုလဲ ဘယ်ပစ္စည်းကို အများဆုံး ကြည့်လဲသိရှိနိုင်ရန်အတွက် အသုံးပြုသော Google မှ ပေးထားသည့် software ဖြစ်သည်။ ပြုလုပ်နည်းကတော့ အရင်ဆုံး http://www.google.com/analytics/ မှာ Sign up ပြုလုပ်ရပါမည်။ Website’s URL တောင်းလျှင် မိမိဆိုဒ်နာမည်(သို့) ကြည့်ချင်သောဆိုဒ် ကို ထည့်ပေးရပါမည်။ ထို့နောက် code ပေးပါလိမ့်မည်။ ၄င်း code အား </body> tag မဆိုင်ခင် ထည့်ရပါမည်။ Wordpress တွင် header.php တွင်ရှိပါသည်။ ထည့်ပြီးပါက အထက်ပါလင့်နေရာကနေ အကောင့် ပြုလုပ်ထားသည့်အတိုင်း ၀င်လိုက်ပါက တွေ့မြင်နိုင်ပါသည်။
    Read more…
    Bit and Bytes
    Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့) electronic information  storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါသည်။ ၄င်းအနေဖြင့် information တွေကို စက်နားလည်အောင် 0(false)(သို့)1(true) ကို ထုတ်ပေးပါသည်။(မီးခလုတ်ချိန်းသကဲ့သို)
    8bits=1byte
    Byte
    Byte ဆိုသည်မှာ တိုင်းတာသော unit တခု ဖြစ်သည်။ 1 byte မှာ 8 bit ရှိပါသည်။ ကွန်ပျူတာ၏ memory ကို ပြောတဲ့အခါ(သို့) electronic information (data) တွေကို ပြောတဲ့အခါမှာ အသုံးပြု ပါသည်။ byte ကို အများဆုံး english အက္ခရာ အကြီးစာလုံး B ဖြင့် ဖော်ပြပါသည်။ တခါတရံတွင် အသေးစာလုံး b ကို အသုံးပြုပါသည်။
    Byte ၏ အကြီးဆုံး unit အတွက် name များမှာ
    §  Kilobyte        ကွန်ပျူတာ၏ memory (သို့) hard drives များအကြောင်းကို ပြောသည့်အခါ တွင် အသုံးပြုပါသည်။ 1kilobyte = 1024 bytes ။ တချို့ ကတော့ kilobyte တခုမှာ 1000 bytes ရှိသည်လို့ ပြောပြီး အမှန်တကယ် 1024 bytes ရှိတာက kibibyte လို့ပြောပါသည်။
    §  Kibibyte        information ၏ unit (သို့) computer storage တခုဖြစ်ပါသည်။ kibibyte = 1024 bytes ပါ။ 1024 kibibytes ကတော့ mebibyte တခုပဲဖြစ်ပါသည်။
    §  Megabyte      ကွန်ပျူတာ၏ memory (သို့) hard drives များအကြောင်း ပြောသည့်အခါ တွင် အသုံးပြုပါသည်။ 1 megabyte = 1 million bytes ။ 1998 ခုနှစ်မတိုင်မှီ  Internat -ional Electro technical Commissions (IEC)က ပထမဆုံး mebibyte တခုဟာ 2^20 (သို့) 1,048,576 bytes ဟူ၍ လည်းကောင်း megabytes ကို 1,048,576 bytes (သို့) 1,024 kilobytes (သို့)1024^2 bytes ဟူ၍ သတ်မှတ်ပါသည်။ ကွန်ပျူတာသုံးသူ အကြမ်းဖျဉ်းအနေဖြင့် megabyte ကို (IEC)မှ ထုတ်သော ဒီ number တွေထဲမှတစ်ခုကို သတ်မှတ် အသုံးပြုနေကြဆဲဖြစ်ပါသည်။
    §  Mebibyte      တိုင်းတာသော unit တစ်ခုဖြစ်ပြီး 1024*1024 bytes ကို ကိုယ်စားပြုပါသည်။ mebibyte တစ်ခုသည် information ၏ unit တခု(သို့) ကွန်ပျူတာ၏ storage တစ်ခု ဖြစ်ပါသည်။ အတိုကောက် MiB ဟု ခေါ်ပါသည်။  1MiB=2^20 bytes = 1,048,576 bytes = 1,024 kibibytes ဖြစ်ပါသည်။
    §  Mebibyte ဟာ megabyte ဖြင့် နီးစပ်ပါသည်။ ၄င်းသည် mebibyte အတွက် ညီမျှချက်တစ်ခု ဖြစ်နိုင်ပါသည်(သို့) 10^6 bytes = 1,000,000 bytes ။ ဒီ unit ကိုလည်း(IEC) မှပင် သတ်မှတ်ခဲ့ပါသည်။
    1 mebibyte =1024(2^10)kilobytes
    1gigabytes=1024 mebibytes
    §  Terabyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တခု ဖြစ်ပါသည်။ 1terabyte = 1000 gigabytes(GB)(သို့) trillion(1,000,000,000,000)bytes အချို့ သောသူများ ကတော့ 1 terabyte =1,099,511,627,776 လို့ ပြောကြပါသည်။ ကြီးမား သော အဖွဲ့ အစည်းများတွင် data များကိုသိမ်းဖို့အတွက် terabytes ရှိသော hard drives များကို အသုံးပြုကြပါသည်။ (ဥပမာအားဖြင့် Microsoft organization များ၊ server များကို ထိန်းချုပ်သော organization များတွင် သုံးကြပါသည်။
    §  သေးငယ်သော လုပ်ငန်းများမှာတော့ terabyte ကို မသုံးကြပါဘူး။ အများဆုံးသုံးတာကတော့ gigabytes,megabytes နှင့် kilobytes တို့ကိုသုံးကြပါသည်။ နောင်လာမည့်အနာဂတ်တွင် အိမ်တွေမှာပါ terabytes ကိုသုံးစွဲလာကြမည်ဟု ပြောပါသည်။ 2008 ခုနှစ်တွင် Apple company မှ iMac  computer  ကို 1TB hard drives ဖြင့်ထုတ်လုပ်ခဲ့ပါသည်။
    §  Tebibyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တစ်ခု ဖြစ်ပါသည်။ 1 teribytes =1024 gibibytes (GiB) (သို့) 1,099,511,627,776 bytes။ 1024 teribytes သည် 1exbibyte ကို ပြုလုပ်ပါသည်။ 1024 teribytes=1exbibyte။
    §  Petabyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တစ်ခု ဖြစ်ပါသည်။ 1 Petabytes =1000 terabytes(GB) (သို့) 1,000,000,000,000,000 (a thousand trillion)။ ကြီးမားသောအဖွဲ့ အစည်းများတွင် petabytes ကို data storage ရန် အတွက် အသုံးပြုပါသည်။
    §  Pebibyte အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားသော unit များကို တိုင်းတာရန်အတွက် အသုံးပြုပါသည်။ 1Pebibytes =1024 tebibytes(TiB)(သို့) 1,125,899,906,842,624 bytes။
    §  Exabyte        အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာရန် အတွက် အသုံးပြုပါသည်။ 1 Exabyte=1000petabytes(PB)(သို့) 1,000,000,000,000, 000,000 bytes ဖြစ်ပါသည်။
    §  Exbibyte       အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာရန် အတွက် အသုံးပြုပါသည်။ 1 Exbibytes=1024 pebibytes(PiB)(သို့)1,152,921,504,606, 846,976 bytes။ 1024 exbibytes = 1zebibyte
    §  Zettabyte(ZB)         အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာ ရန်အတွက် အသုံးပြုပါသည်။ 1 zettabyte=1000 exabytes(EB)(သို့) 1,000,000,000, 000,000, 000,000(a billion trillion)bytes။ 2008ခုနှစ်ထိ zettabyte date တစ်ခုကို သိမ်းဆည်းဖို့ ကြီးမားတဲ့ ကွန်ပျူတာမရှိသေးပါဘူး။
    §  Yottabyte(YB)         အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာ ရန်အတွက် အသုံးပြုပါသည်။ 1yottabytes =1000 zettabytes(ZB)(သို့) 1,000,000,000, 000,000, 000,000,000(a trillion trillion) ဖြစ်ပါသည်။ 2008ခုနှစ်ထိ yottabyte date တစ်ခုကို သိမ်းဆည်းဖို့ ကြီးမားတဲ့ ကွန်ပျူတာမရှိသေးပါဘူး။
    Bits - Smallest units
    Byte - 8 bits
    Kilobits - 1024 Bytes
    Megabyte - 1024 Kilo Bytes
    Gigabyte - 1024 Mega Bytes
    Terabyte - 1024 Giga Bytes
    Petabyte - 1024 Tera Bytes
    Exabyte - 1024 Peta Bytes
    Zettabyte - 1024 Exa Bytes
    Yottabyte - 1024 Zetta Bytes
    Hence one Yottabyte is equal to 9671406556917033397649408 bits. Yes it’s a 25 digit number. Not really sure what database can take that space or rather require that amount of space.
    Translate that from  http://en.wikipedia.org/wiki/Byte
    Read more…
    ယူနီကုဒ် အားသာချက်
    မြန်မာအက္ခရာ တစ်လုံးတွင် ပုံစံကွဲပါသော်လည်း ယူနီကုဒ်တွင် ကုဒ် တစ်မျိုးတည်း သာရှိသည်။ စံသတ်မှတ်ချက်မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်ကဲ့သို့ အက္ခရာပုံစံများပြား နေခြင်းမရှိပါ။ အက္ခရာပုံစံ များပြား ခြင်းသည် အသုံးပြုသူအတွက် ကရိကထများစေသလို မလိုလား အပ်သည့်ဖောင်းပွမှု ကိုလည်းဖြစ်စေသည်။ ဥပမာအားဖြင့် တင်ပြရလျှင် ဖောင့်တစ် ခုတွင် (ပြ) ရရစ် ပုံစံရှစ်မျိုးရှိနေခြင်းသည် အသုံးပြုသူကို ကရိကထများ စေသည်။
    ထို့အပြင် ယူနီကုဒ်စနစ်တွင် ထိုကဲ့သို့ အက္ခရာ ပုံစံများပြား ရန်လည်းမလိုအပ်ပါ။ ယူနီကုဒ် အသုံးပြုသောအခါ အက္ခရာအစဉ်အလိုက် စကားလုံးများကို ရှာဖွေနိုင်ခြင်း၊ အမျိုးအစားခွဲခြင်း၊ အက္ခရာဝလီစဉ်ခြင်း၊ မြန်မာစကားလုံးများကို ရှာဖွေခြင်း စသည်တို့ကို မှန်ကန်တိကျစွာ ပြုလုပ် ပေးနိုင် သည်။ မလိုလားအပ်သော အက္ခရာ ပုံစံ များပြားနေခြင်းသည် စကားလုံးကိုရှာဖွေခြင်း၊ အက္ခရာဝ လီစဉ်ခြင်းတို့အတွက် မှန်ကန်သော ရှာဖွေခြင်း၊ ဝလီစဉ် ခြင်းတို့ကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါ။ ယူနီကုဒ်မဟုတ်သော အခြားစနစ်များနှင့် စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်များကို အသုံးပြုသောအခါ မိမိတို့သိမ်းဆည်းထားသည့် အချက်အလက်များကို မှန်ကန်တိကျစွာ ရှာဖွေခြင်းမပြုလုပ်နိုင်ကြောင်း တွေ့ရသည်။
    အများပြည် သူအသုံးပြုသော အိုင်စီတီ ဆိုင်ရာဆော့ဝဲ၊ ဟာ့ဒ်ဝဲလ်များတွင် ယူနီကုဒ်စံနှုန်းကို အတိအကျ လိုက်နာထားသော မြန်မာ ယူနီကုဒ်ဖောင့်များကိုသာ အသုံးပြုကြမည်ဖြစ်သည်။ ယူနီကုဒ် စံသတ်မှတ်ချက်သည် နိုင်ငံတကာစံသတ်မှတ်ချက် တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာတွင်ရှိသည့် အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရ/အစိုးရမဟုတ်သော အဖွဲ့အစည်း များသည် ယူနီကုဒ်စံနှုန်းကိုသာ လိုက်နာ အသုံးပြုကြမည်ဖြစ်သည်။ အိုင်စီတီဆိုင်ရာ လုပ်ငန်းများ၏ ထုတ်ကုန်များတွင် စံနှုန်းမှီသော၊ စံနှုန်းသတ်မှတ်ချက်အား အပြည့်အဝ လိုက်နာထားသော ယူနီကုဒ် ကိုသာ အသုံးပြုနေကြပြီ ဖြစ်သည်။
    Read more…
    Basic Color in Adobe Illustrator
    Adobe Illustrator Software ဆိုတာကတော့ Vector Image တွေရေးဆွဲ တဲ့နေရာမှာ အလွန်ပြောင်မြောက် အောင် ရေးဆွဲနိုင်ပါတယ်။ ဒါ့အပြင် ပညာရေး၊ စီးပွားရေး၊ ကုမဏီ၊ ကျန်းမာရေး အစရှိတဲ့ အသင်းအဖွဲ့တွေ လုပ်ငန်းနယ်ပယ်တွေအတွက် သရုပ်ပြပုံများရေးဆွဲရန်အတွက် အသုံးဝင် ပါတယ်။
    Color Mode ကတော့ ဂရပ်ဖစ်လုပ်ငန်းတွေမှာသုံးတဲ့ အရောင်စနစ်နှစ်ခု ကိုရွေးချယ်ဖို့။ မိမိရေးဆွဲမယ့် ဒီဇိုင်ပြီးတာနဲ့ ပုံနှိပ်ဖို့ရည်ရွယ်တယ်ဆိုရင် CMYK color စနစ်ကိုရွေး ချယ်ရပါမယ်။ RGB color စနစ်ကတော့ ဓါတ်ပုံအနေနဲ့ထုတ်ချင်ရင်သုံးပါတယ်။
    အရောင်စနစ် အမျိုးအစား (၃)မျိုးရှိပါတယ်။
    ၁။    CMYK Mode
    ၂။    RGB Mode
    ၃။    HSB Mode
    CMYK = cyan, megenta, yellow, black
    RGB = Red, Green, Blue ဖြစ်ပြီး အရောင်တန်ဖိုးတွေက 0 ကနေ 255 အထိရှိပါတယ်။
    HSB = Hue, Saturation, Brightness ဖြစ်ပြီး အရောင်တောက်ပမှုတွေအတွက် သုံးစွဲမှုစနစ်ဖြစ်ပါတယ်။
    Read more…
    HOW TO ACCESS WAMP SERVER IN LAN OR WAN
    မိမိကွန်ပျူတာတွင် အသုံးပြုထားသော wamp server အား အခြားစက် တစ်ခုခုမှ ကြည့်ရှုနိုင်စေရန် အတွက် အောက်ပါ နည်းလမ်းများ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါသည်။
    Go in the apache\httpd.conf and search “#Listen” and Change port from 80 to 8081
    §              #Listen 12.34.56.78:80
    §                   Listen 192.168.2.188:8081
    1.     Make accessible in LAN apache\httpd.conf and find following code.
    <Directory “cgi-bin”>
                AllowOverride None
                Options None
                Order allow,deny
                Deny from all
    </Directory>
    And change the above code to:
    <Directory “cgi-bin”>
                AllowOverride None
                Options None
                Order allow,deny
                Allow from all
    </Directory>
    2.     Next Step is open port 8081.
    Control panel - Windows Firewall – Advanced Settings – Windows Firewall With Advanced Security Box ကျလာလိမ့်မည်။ Imbound Rules ကိုနှိပ်ပါ။ ထို့နောက် ညာဘက်ရှိ New Rule ကိုနှိပ်ပြီး Port ကိုရွေး၊ TCP နှင့် Specific Local Ports နေရာတွင် 8081 ပေးပါ။ Allow the connection၊ Domain, Private, Publish ရွေးချယ်ပြီးဆက်သွားပါ။ Name ပေးပြီး Save လိုက်ပါ။
    Read more…
    Contact
    ဆက်သွယ်ရန်။
    ဖုန်း ၀၉-၄၂၁၀၃၄၀၇၈
    Read more…
    About
    ကျွန်တော်..
    Read more…
    XML Viewers
    While you can view XML documents with a simple text editor, there are free XML viewers that present the contents in a more readable form. XML viewers interpret the document so it will display the XML document using any styles that have been applied using XSLT or CSS. It will also warn you if something doesn't look right, or if it doesn't validate correctly.
    Most modern browsers include XML support, so it's quite possible that your own browser is able to display the contents of XML files.
    You open an XML file in your browser the same way you open any other file in your browser. If it's a local file you can type the full path into the address bar. Otherwise, if it's available over the web, you can type the URL into the address bar.
    Notepad
    You can use a text editor such as Notepad to create or view a simple XML file. Here's what this XML file looks like in Notepad:
    Firefox
    Here's how the above XML file appears in Firefox 2.0. Notice the difference between Notepad and Firefox. Firefox actually attempts to interpret the document. It even warns us if it thinks something could be out of place (such as a missing stylesheet).
    Internet Explorer
    Here's how the same XML file appears in Internet Explorer 6.0
    Displaying Errors
    If your XML document contains an error, your XML viewer should display a message indicating the error. In this file, I have purposely included an error.
    Below is how the error is reported in Internet Explorer.
    Adding Styles
    Once you start adding styles to your XML, you'll see a huge difference in how your XML documents appear with an XML viewer. We'll cover styles later.
    Read more…
    About XML
    XML stands for eXtensible Markup Language. As the name suggests, XML is a markup language. The XML specification was created by the World Wide Web Consortium (W3C), the body that sets standards for the web.
    Features/Benefits of XML
    XML has been widely adopted since its creation and with good reason. Some of the key features and benefits of XML include:
    Easy data exchange - One of the great things about XML is that it can allow easy sharing of data between different applications - even if these applications are written in different languages and reside on different platforms.
    Self-describing data - When you look at an XML document, it is very easy to figure out what's going on.
    Create your own languages - XML allows you to specify your own markup language for your own specific purpose. Some existing XML based languages include Banking Industry Technology Secretariat (BITS), Bank Internet Payment System (BIPS), Financial Exchange (IFX) and many more.
    What Does XML Look Like?
    The following example demonstrates what the contents of a typical XML document could look like.
    Read more…
    CSS Advantages
    HTML has its limitations when it comes to layout. Sure, you have 6 different levels of headings and 6 different sizes of fonts. You also have tables, and you have control over alignment etc. These are good enough to get a reasonable looking document that shows the true structure of information. However, it's a far cry from some of the excellent layout & design that we see in magazines and printed brochures etc.
    CSS helps us achieve such layouts.
    With CSS, you have much better control over the layout of your web pages. You can specify exactly how big a font will be, exactly where an element will be on a page, what the page will look like when printed, and much more.
    CSS can also save you a lot of time, particularly when maintaining a large site. Also, the World Wide Web Consortium (W3C) recommends that web developers use CSS tags instead of HTML tags wherever possible. The W3C are gradually phasing out quite a few of these HTML tags.
    Advantages of CSS
        CSS saves time
        When most of us first learn HTML, we get taught to set the font face, size, colour, style etc every time it occurs on a page. This means we find ourselves typing (or copying & pasting) the same thing over and over again. With CSS, you only have to specify these details once for any element. CSS will automatically apply the specified styles whenever that element occurs.
        Pages load faster
        Less code means faster download times.
        Easy maintenance
        To change the style of an element, you only have to make an edit in one place.
        Superior styles to HTML
        CSS has a much wider array of attributes than HTML.
    Disadvantages of CSS
        Browser compatibility
        Browsers have varying levels of compliance with Style Sheets. This means that some Style Sheet features are supported and some aren't. To confuse things more, some browser manufacturers decide to come up with their own proprietary tags.
        Fortunately, browser compatibility is becoming less of an issue as the latest browser versions are much more standards-compliant than their earlier counterparts.
    Read more…