Stuck on Database Config in Joomla Installation Step

Joomla Installation အဆင့် (၄) မှာရှိတဲ့ Database Configuration အဆင့်ရောက်ရင် Database Type, Host Name, Username, Passowrd, Database Name, Table Prefix အချက်အလက်တွေ ထည့်သွင်းပြီး Next ပြုလုပ်တဲ့အခါမှာ နောက်တစ်ဆင့်ကို ဆက်မသွားပဲ အချိန်အကြာကြီး Loading ဖြစ်နေ တာမျိုး တွေ့ကြုံဖူးကြမှာပါ။ အဲဒီအဆင့်လေးကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာကို ကျွန်တော် ရှယ် ယာပေးချင်ပါတယ်။ ဖြစ်နိုင်ချေကတော့ Php run out of execution time ကြောင့် ဖြစ်တယ် လို့ ထင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းလမ်းနဲ့ အဆင်ပြေသွားတယ်ဗျ။

နည်းလမ်း (၁)
မိမိအသုံးပြုထားတဲ့ Wampserver မှာရှိတဲ့ apache, mysql, php, version တွေနဲ့ Joomla package version ကို စစ်ရန်။

နည်းလမ်း (၂)
အထက်ပါအတိုင်းမှန်ကန်ပါက wampmanager -> php -> php.ini ကိုသွားပါ။
max_execution_time ကိုရှာပါ။
Default သတ်မှတ်ပေးထားသော တန်ဖိုးကို ပြောင်းလဲဖို့လိုပါသည်။
ဥပမာ - max_execution_time=60
    max_execution_time=240
နည်းလမ်း (၃)
Joomla Package အတွင်းရှိ Installation folder -> index.php ၏ Line 13 တွင် အောက်ပါကုဒ်ကို ထည့်သွင်းပြီး Install လုပ်ကြည့်ပါ။
Line 13: ini_set('display_errors', 0);

ပြီးတာနဲ့ Wampserver ကို Restart ပြုလုပ်ပြီး Joomla Package ကို အသစ်ထပ်မံ Installation ပြုလုပ် ကြည့်ပါ။ အဆင်ပြေသွားမည်ဟု ထင်ပါသည်။
Read more…

Joomla Post နှင့် Upload Filesize ပမာဏတိုးခြင်း

ပုံသေအားဖြင့် Wampserver Install ပြုလုပ်ပြီးနောက် post_max_size  သည် Default အနေဖြင့် 8MB ရှိပြီး upload_max_filesize အနေနဲ့တော့ 128MB ရှိပါတယ်။ Joomla Media Manager/ Options/ Maximum Size သည် Default အနေဖြင့် 10 MB ဖြစ်ပါသည်။ Joomla စတင်အသုံးပြုချိန်တွင် Database တည်ဆောက်ရာမှာ Post and Upload ပမာဏတွေ မလိုအပ်သေးပေမယ့် နောက်ပိုင်း Backup လုပ်ထားတဲ့ Sql File တွေ၊ Images တွေကို Upload ပြုလုပ်တဲ့အခါ မဖြစ်မနေ ပမာဏတိုးချဲ့ပေးဖို့ လိုပါတယ်။ ဒါကြောင့် Joomla Media Manager ၏ Maximum upload size ကို တိုးမယ်ဆိုရင်
  1. Login Backend panel.
  2. Content> Media Manager
  3. Click on Options.
  4. Change Maximum Size 10 MB into something like "100 MB" or "500 MB"
  5. Save and Close.
အထက်ပါအတိုင်းပြုလုပ်ပြီးနောက် Filesize 10 MB နှင့်အထက်ရှိသော Picture, Video တစ်ခုခုကို Media Manager အတွင်းသို့ Upload ပြုလုပ်ကြည့်ပါ။ Upload Complete ဖြစ်သွားရင်တော့ အောင်မြင်ပြီပြော ရပေမယ့် Upload မဖြစ်ဘူးဆိုရင်တော့ အောက်ပါလုပ်နည်းလေးကို ဆက်ဖက်လိုက်ပါဦး။

Media Manager မှာရှိတဲ့ Maximum Size ကိုတိုးလိုက်ပေမယ့် php.ini (The PHP's Setting file) အတွင်းမှာရှိတဲ့ upload_max_filesize နဲ့ post_max_size တွေရဲ့ တန်ဖိုးတွေကို ထပ်မံတိုးပေးဖို့ လိုအပ်လို့ပါပဲ။ ပြောရမယ်ဆိုရင်တော့ Joomla ရဲ့ Rule လို့ပဲပြောရမလားမသိ။ Joomla မှာရှိတဲ့ Maximum upload size တွေကို သတ်မှတ်တဲ့အခါ အောက်ပါအဆင့် ၃ ဆင့်နဲ့အမြဲ ဆုံးဖြတ်ပါတယ်။
  1. Media Manager ထဲမှာရှိတဲ့ Maximum upload size ကို တိုးရမည်။
  2. php.ini ဖိုင်အတွင်းရှိ upload_max_filesize ကိုတိုးရမည်။
  3. php.ini ဖိုင်အတွင်းရှိ post_max_size ကိုတိုးရမည်။
Read more…

Joomla Page နှင့် Content များကို ဘယ်လိုမျိုးကန့်သတ်နိုင်လဲ

ကျွန်တော်တို့ Joomla Website ဖန်တီးတဲ့နေရာမှာ Pages, Contents တွေကို အများအားဖြင့်တော့ အားလုံးကြည့်ရှုလို့ရအာင် (Publish) လုပ်ထားလေ့ရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ ချွင်းချက်အနေဖြင့် Pages (သို့) Contents တွေကို သီးခြားကန့်သတ် ထားလိုတဲ့အခါ တစ်နည်း အားဖြင့် မိမိရဲ့ staff, registered members တွေ ကိုသာလျှင် ပြသလိုသောအခါ ဘယ်လိုအသုံးပြုမလဲဆိုတဲ့ နည်းလမ်းဖြစ်ပါသည်။
၁။    ပထမဆုံးအနေနဲ့ Joomla Admin Panel ကိုသွားပါ။
၂။    Private ပြုလုပ်လိုသည့် Article ကိုဖွင့်ပါ။
၃။    Status အောက်တွင် Access သတ်မှတ်ချက်ရှိပါသည်။
၎။  Registered ကိုရွေးမယ်ဆိုရင်တော့ မိမိရဲ့ အကြောင်းအရာကို Website တွင် Register ပြုလုပ် ထားသော User များသာ ဖတ်ရှုနိုင်ပါမည်။
၅။    Special ကိုရွေးမယ်ဆိုရင်တော့ Author Level နှင့်အထက် သတ်မှတ်ချက်ရှိသောသူများသာလျှင် ဖတ်ရှုနိုင်ပါမည်။
Read more…

HOW TO CREATE NEW JOOMLA MODULE POSITIONS

ဒီကိစ္စကတော့ Joomla ရဲ့ အလွန်ရိုးစဉ်းတဲ့ လှည့်စားမှုတစ်ခု လို့ ပြောရမှာပါပဲ။ Joomla မှာရှိတဲ့ Template တိုင်းမှာ ကိုယ်ပိုင် Module Positions က နဂိုကတည်းက ရှိပြီးသားပါ။ ဒါ့အပြင် Module တွေကို ဖန်တီးခြင်းအပိုင်းက Joomla မှာ အရေးပါတဲ့အပိုင်းဆိုရင် မှားမယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ Joomla ရဲ့ Page တိုင်းမှာရှိတဲ့ Content တွေကလွဲရင် Module တွေနဲ့ဖွဲ့စည်းထားတာ ဖြစ်လို့ပါပဲ။ ဆိုပါစို့ - ကျွန်တော်တို့က Joomla Homepage မှာ Facebook Fans, Weather Widget, Slider, Slideshow, Tags စတာတွေကို သုံးမယ်ဆိုရင် ဒါတွေဟာ Module တွေပါပဲ။ အဲဒါတွေကို ဘယ်နေရာမှာသုံးမလဲ (Module Position) ဆိုတဲ့ မသိဘူးဆိုရင် အချိန်တွေ အလဟသဖြစ်ဖို့ပဲ ရှိပါတယ်။ Module Positions တွေ ချပြီးမှသာ သက်ဆိုင်ရာ Content တွေကို ထည့်သွင်းအသုံးပြုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ မိမိအသုံးပြုမယ့် Template ရဲ့ Module Positions တွေက ဘာတွေလဲဆိုတာ သိဖို့အတွက် ဆိုရင် အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။

  1. Login Administration Panel
  2. Go to Extension > Template Manager
  3. ညာဘက်အပေါ်ထောင့်ရှိ Options ကိုနှိပ်ပါ။
  4. Preview Module Positions ကို Enable ပေးလိုက်ပါ။
  5. Template Name ဘေးရှိ Preview Icon လေးကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။



    Read more…

    HOW TO ACCESS WAMP SERVER IN LAN OR WAN



    မိမိကွန်ပျူတာတွင် အသုံးပြုထားသော wamp server အား အခြားစက် တစ်ခုခုမှ ကြည့်ရှုနိုင်စေရန် အတွက် အောက်ပါ နည်းလမ်းများ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါသည်။
    Go in the apache\httpd.conf and search “#Listen” and Change port from 80 to 8081
    §              #Listen 12.34.56.78:80
    §                   Listen 192.168.2.188:8081
    1.     Make accessible in LAN apache\httpd.conf and find following code.
    <Directory “cgi-bin”>
                AllowOverride None
                Options None
                Order allow,deny
                Deny from all
    </Directory>
    And change the above code to:
    <Directory “cgi-bin”>
                AllowOverride None
                Options None
                Order allow,deny
                Allow from all
    </Directory>
    2.     Next Step is open port 8081.
    Control panel - Windows Firewall – Advanced Settings – Windows Firewall With Advanced Security Box ကျလာလိမ့်မည်။ Imbound Rules ကိုနှိပ်ပါ။ ထို့နောက် ညာဘက်ရှိ New Rule ကိုနှိပ်ပြီး Port ကိုရွေး၊ TCP နှင့် Specific Local Ports နေရာတွင် 8081 ပေးပါ။ Allow the connection၊ Domain, Private, Publish ရွေးချယ်ပြီးဆက်သွားပါ။ Name ပေးပြီး Save လိုက်ပါ။
    Read more…

    How to reset Joomla 2.5 password

    Joomla admin panel ထဲကိုဝင်ဖို့ password မှားနေလျှင် (သို့) မေ့သွားလျှင်သော်လည်းကောင်း joomla database ထဲမှာသွားပြီး password ကို reset ပြုလုပ်နိုင်ပါတယ်။ ဦးစွာ သင့်ရဲ့  Joomla database structure ထဲက _users table ကိုသွားလိုက်ပါ။ ထို့နောက် Super User ကို select လုပ်ပြီး Edit ပေးလိုက်ပါ။ password varchar(100) တွင် MD5 ရွေးပြီး ညာဘက်ကွက်လပ်နေရာမှာရှိတဲ့ password code အဟောင်းတွေကို ဖျက်၍ အသစ်ပြန်လည် ရေးသားပါ။ ပြီးလျှင် Go..
    Read more…

    Joomla article unlock ပြုလုပ်ပါ Joomla 2.5

    တခါတရံမှာ joomla အသုံးပြုသူတွေအနေနဲ့ article တွေကို editing လုပ်ကြတဲ့အခါမှာ မြန်မြန်ဆန်ဆန် ပြီးချင်တဲ့စိတ်နဲ့ new tab ဖွင့်ပြီး article ၂ ခု ၃ ခုကို တပြိုင်နက် ပြုပြင်တာမျိုးရှိနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို လုပ်ပါတယ်။ အဲဒီလို edit လုပ်ပြီး save and close လုပ်ရင်ပြဿနာ မရှိပေမယ့် tab ကိုပိတ်လိုက်တာမျိုးလုပ်မယ်ဆိုရင်တော့ article lock တွေဖြစ်လာတော့တာပါပဲ။ unlock ဖြစ်ဖို့အတွက်က article ကိုဖွင့်ပြီး re save & close လုပ်လိုက်ရုံပါပဲ။
    ၁ ခု ၂ ခုအတွက်ကတော့ ကိစ္စမရှိပေမယ့် များလာရင်တော့ အောက်ပါနည်းအတိုင်းသာ ဖြေရှင်းလိုက်ပါ။

    Site Menu မှ Maintenance > Global-Check In ကိုသွားပါ။
    Select all Database Tables and Click Check in.
    Read more…

    How to install extensions in Joomla 2.5

    Joomla admin panel မှာ မြင်တွေ့နေရတဲ့ components, modules, plugins, template, language တွေဟာ Joomla ရဲ့ extensions တွေ ပဲဖြစ်ပါတယ်။ ၄င်းတို့ကို အသုံးပြုခြင်းအားဖြင့် Joomla ရဲ့စွမ်းဆောင်ရည်တွေ မြင့်မား လာနိုင်ပါတယ်။ အချို့သော extensions တွေကတော့ Joomla installation လုပ်ပြီးတာနဲ့ တပါတည်း ရှိနေပြီးသားဖြစ်နေပေမယ့် ဥပမာ - comments ပေးဖို့ Joomla မှာ comments extensions ပါမလာပါဘူး။ အဲဒီတော့ Jacomments, jcomments, fbcomment အစရှိတဲ့ Thrid party extensions တွေကိုသုံးရမှာ အသေအချာပါပဲ။
    အဲဒီလိုပဲ Joomla default template ကို မသုံးချင်လို့ အခြား free template တွေကို သုံးမယ်ဆိုရင်လည်း ဒီ extensions တွေကို install လုပ်ရမှာ ဖြစ်ပါတယ်။ Joomla မှာ ဒီလို extensions တွေ ကို ဘယ်လို install လုပ်ရလဲဆိုတာကတော့ အောက်မှာ ပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။

    Login Joomla Admin Panel.
    Go to Extension Manager
    Browse your extensions with zip file and Upload & Install.
    Finish.
    Read more…

    Inserting the "Read More" Button Joomla 2.5

    Joomla article တစ်ခုမှာ read more link အသုံးပြုမယ်ဆိုရင် ပုံသေအားဖြင့် Front-end article မှာ Read More: ဆိုပြီး ပေါ်ပါတယ်။ စာရေးသူတွေ အနေနဲ့ စာပိုဒ်ရှည်တွေ ရေးရတဲ့အခါမျိုးမှာဆိုရင် intro လောက်ပဲပြ ထားပြီး Read More button ကိုနှိပ်မှ အကြောင်းအရာ အပြည့်အစုံကို ဖတ်ရှုနိုင်အောင် ပြုလုပ်ကြပါတယ်။ ဒါကလည်း မိမိ ၀က်စာမျက်နှာတွေမှာ article တွေကို ၁ခု ၂ခု ထက် ပိုပြီးနေရာယူနိုင်အောင်လို့ပါ။ တခါတရံမှာ မိမိအသုံးပြုတဲ့ Template ကြောင့် Default "Read More" button ကသေးပြီး Guests တွေအတွက် သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ကပ်တီးကပ်ဖဲ့ပြောမယ်ဆိုရင်တော့ မမြင်မြင်အောင်ကြည့် လည်း မြင်တာပဲလို့ပြောလို့ရပါတယ်။
    ကဲလေကြောနဲနဲ ရှည်သွားတယ်ဗျာ။ မပြောရင်လည်း ခြောက်ကပ်ကပ်ဖြစ်နေမစိုးလို့။ ယခုရေးသားမယ့် အကြောင်းကတော့ Read More button လေးကို ပိုပြီးထူးခြားတဲ့အသွင် သဏ္ဍာန်ဖြစ်အောင် ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ရေးသားမှာဖြစ်ပါတယ်။ ဥပမာ - Read More အစား အပြည့်အစုံသို့..၊ ဆက်လက် ဖတ်ရှုရန်၊ စသဖြင့်ရေးသားနိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

    Article Manager ကိုဝင်ပြီး ညာဘက်အပေါ်နားမှာရှိတဲ့ Options button လေးကိုနှိပ်ပါ။ ပုံ(၃)မှာ ပြထားတဲ့ အတိုင်း Read More နဲ့ Title With Read More တို့ကို Select Show လုပ်ပြီး Save & Close။ Article တစ်ခုရေးပြီး တာနဲ့ ညာဘက် Article Options မှာရှိတဲ့ Read More Text မှာ မိမိနှစ်သက်ရာ စာသားကိုရေးပါ။ မိမိရေးထားတဲ့စာသားနဲ့အတူ Article Title ပါ တပါတည်း တွေ့မြင်ရပါမည်။
    Read more…

    Article ထဲသို့ image ထည့်သွင်းခြင်း Joomla 2.5

    Joomla panel ထဲကို ၀င်လိုက်တာနဲ့ ပထမဦးဆုံးစာမျက်နှာမှာ ကြည့်လိုက်ပါ။ Media Manager ဆိုတာလေးကို တွေ့ရ ပါလိမ့်မယ်။ အဲဒီမှာ မိမိအသုံးပြု မယ့် images တွေကို folder တွေခွဲပြီး Upload ပြုလုပ်နိုင်ပါတယ်။ Media Manager မှာ images တွေကို Upload လုပ်တဲ့အတွက် articles တွေရေးတဲ့ အခါ images တွေကို လွယ်လွယ်ကူကူနဲ့ ထည့်သွင်းနိုင် ပါဖြစ်ပါတယ်။ နောက်တစ်နည်းက article textbox အောက်မှာရှိတဲ့ image button ကတဆင့်လည်း image တွေကို ထည့်သွင်းနိုင် ပါတယ်။

    (မှတ်ချက်။ folder can't create)

    ပထမဦးဆုံး New Article တစ်ခုဖန်တီးပါ။
    article textbox အောက်နားမှာရှိတဲ့ image button ကို နှိပ်လိုက်ပါ။
    ပြီးရင် မိမိအသုံးပြုလိုတဲ့ image file ကို insert လုပ်ပြီး save လိုက်ပါ။
    image ကို article အတွင်း ထည့်သွင်းခြင်း ပြီးပါပြီ။
    Read more…

    Creating sublevel menu items Joomla 2.5

    Creating sublevel menu items in both Joomla! 1.0 and Joomla! 1.5 is achieved by same general process. Think of Joomla's menu items as "parents" and "children". In order to create a sublevel item, you will need to assign a "parent" to that item. This is done inside the Menu Manager. Navigate to the menu manager and select the menu to be modified.
    Example:
    Joomla! 1.0: Menu > mainmenu
    Joomla! 1.5: Menus > Main Menu

    Select the menu item you would like to assign as a sublevel (or child) item.
    You will see a dialog below titled "Parent Item"
    Choose the item to assign as the parent and save.
    Read more…

    Category တစ်ခုဖန်တီးခြင်း Joomla 2.5

    Website တစ်ခုလုပ်တော့မယ်ဆိုရင် အကြောင်းအရာတစ်ခုခုကို ဦးတည်ရမှာတော့ အသေအချာပါပဲ။ ဒီတော့ ကိုယ်ကဘယ်လိုဆိုဒ်မျိုး တည်ဆောက် ချင်တာလဲ။ ဥပမာ - စာအုပ် ဆိုင်လိုမျိုး ဆိုဒ်တစ်ခုပြုလုပ်မယ်ဆိုပါစို့။ ရှိသမျှစာအုပ်အကုန်လုံးကို တခါတည်းတင်လိုက် လို့ရပေမယ့် လာရောက် ဖတ်ရှုလေ့လာ ကြမယ့် customer တွေအတွက် အလွယ်တကူ ရှာဖွေနိုင်မယ့် ပုံစံရှိရမယ်ထင်တယ်။ ဒါကြောင့် စာအုပ်တွေအများကြီး တင်ထားယုံနဲ့ မပြီးဘူး။ စာရေးဆရာ (အမျိုးသား၊ အမျိုးသမီး)၊ စာအုပ်အမျိုးအစား( ကျန်းမာရေး၊ ဗဟုသုတ၊ ၀တ္ထု၊ ဆောင်းပါး၊ မဂဇင်း)အလိုက် စသဖြင့် ခွဲခြားထားရမယ်။

    ဒါမှသာ custom တွေအနေနဲ့ အဆင်ပြေလွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Joomla Category ဆိုတာကို ကျွန်တော် အနေနဲ့ နားလည်သလိုပြောရမယ် ဆိုရင် articles တွေကို သက်ဆိုင်ရာအလိုက် စုစည်းပေးထားတဲ့ folder တစ်ခုဖြစ်ပါတယ်။ Category ဟာဆိုရင် အမျိုးအစားခွဲခြားပေးယုံသာမကပါဘူး။ articles တွေကို ရှာဖွေတဲ့နေရာမှာလဲ အထောက်အကူဖြစ်စေပါတယ်။ Joomla Category တစ်ခု ဖန်တီးရန် အတွက်ကတော့..

    Login to your Joomla Panel
    Category Manager > Add New Category
    Type in Title and Alias
    Parent or Sub Category
    Type in a Description for this category (optional)
    Click Save & Close.
    Read more…

    Joomla article တစ်ခုဖန်တီးခြင်း (Joomla 2.5)

    ဒီပို့စ်လေးကတော့ Joomla article တစ်ခု ဘယ်လိုဖန်တီးလဲ ဆိုတာကို ရေးသား ထားတာဖြစ်ပါတယ်။ Admin Panel ထဲဝင်ပြီး ပထမဆုံးမြင်တွေ့ရတဲ့ စာမျက်နှာမှာရှိတဲ့ Article Manager ကိုနှိပ်ပါ။ ပြီးရင် ညာဘက်အပေါ်နားမှာရှိတဲ့ Toolbar icon တွေထဲက New Button လေးကိုနှိပ်လိုက်ပါ။ Title, alias ကိုရေးသားပြီး category မှာ uncategorised ကိုရွေးချယ်ပါ။ မိမိရေးသားမယ့်အကြောင်းအရာကို Featured ပေးမယ်-မပေးဘူးကိုတော့ Yes or No။ Article Text Box ထဲမှာ ရေးသားလိုသည့် အကြောင်းအရာ ကို ရေးသားပါ။ အားလုံးပြီး သွားပြီဆိုတာနဲ့ ညာဘက်မှာရှိတဲ့ Publish Options ကို ဆက်သွားပါမယ်။

    Publish Options မှာ ပို့စ်ကိုဖန်တီးသူနဲ့ ရက်စွဲကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် မိမိရေးသားထားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ခေါင်စဉ်ကို Title, Category, Intro Text, Parent, Author, Date, Icons, Voting, Hits စတာတွေကို show လုပ်/မလုပ် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Read More Text Box မှာတော့ readmore, more စသဖြင့် နှစ်သက်ရာပုံစံအတိုင်း ရေးသားနိုင်ပါသည်။ Configure Edit Screen ကတော့ ခုနက ပြောသွားတဲ့ Publish and Article Options တွေကို ကြေငြာမလား မကြေငြာဘူးလား ဆိုတာပါပဲ။ တနည်းပြောရရင် ဒီ Options တွေကို သုံးမလား မသုံးဘူးလားပေါ့။ Image and Links မှာတော့ မိမိရေးသားမယ့် အကြောင်းအရာထဲမှာ Intro and Full article image တွေကို အသုံပြုနိုင်ပါတယ်။ Metadata Options မှာ မိမိရေးသားတဲ့အကြောင်းအရာကို search လုပ်တဲ့အခါလွယ်ကူစေဖို့ Desciption, Keywords တွေကို အသုံးပြုနိုင်ပါတယ်။

    *Article Text Box အောက်ခြေမှာရှိတဲ့ image အသုံးပြုပုံကို နောက်ပို့စ်များတွင် ရေးသားသွားပါမည်။*
    Read more…

    Text Editor Joomla 2.5

    ကျွန်တော်နားလည်သလောက်ကတော့ WYSIWYG (what-you-see-is-what-you-get) editor ဆိုတာက Code View အနေနဲ့ရော Visual View အနေနဲ့ ပါကြည့်ပြီး အလွယ်တကူလုပ်လို့ရတဲ့ Editor တိုင်းကို ခေါ်ပါတယ်။ အခု Joomla 2.5 မှာ Default ပါလာတဲ့ TinyMCE editor ဟာဆိုရင် WYSIWYG Editor ရဲ့  platform တစ်ခုဖြစ်ပါတယ်။ ၄င်း Plugins ရဲ့ လုပ်ဆောင်ချက်ကတော့ joomla article တွေမှာ table သွင်းတာတွေ, σ,Σ အစရှိတဲ့ special character တွေကိုသုံးချင်တဲ့ခါ, H2O ဆိုတဲ့ subscript and superscript button တွေကို ရေးချင်တဲ့ခါ လွယ်ကူစွာ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
    TinyMCE ရဲ့ Functionality (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့...
    simple
    Advanced
    Extended

    အထက်ပါ (၃)မျိုးအနက် Joomla 2.5 installation ပြုလုပ်ပြီးတာနဲ့တပြိုင်နက် မြင်တွေ့ရမှာတော့ TinyMCE - Advanced ကိုပဲဖြစ်ပါတယ်။ ခုနက ပြောသွားတဲ့ function တွေကိုသုံးချင်ရင်တော့ Plugin Manager ထဲက Editor - TinyMCE ရဲ့  Functionality ကို Extended ပြောင်းလိုက်ပါ။
    Read more…

    Manual Installation Joomla 2.5

    WampServer Version 2.2 တွင် server configuration အနေဖြင့် Apache Version: 2.2.22, PHP Version: 5.3.13, Loaded Extensions တွေနဲ့ MYSQL Version: 5.5.24 တို့ဖြစ်ကြပြီး Joomla version 3.0 အထိ ကောင်းစွာအသုံးပြုနိုင်ပါသည်။ Database တစ်ခုကို ဖန်တီးရန်အတွက် Windows Apache Mysql Php (Wamp) software ကို install ပြုလုပ်ပါမည်။ http://www.wamp.org/download တွင် wamp package ကို download ရနိုင်ပါသည်။

    Step 1 – The Database
    ပထမဦးစွာ WampServer ကို install ပြုလုပ်ပြီးတဲ့နောက် localhost/phpmyadmin မှာ database တစ်ခုကို ဖန်တီးလိုက်ပါ။ Database name, Database ID, Database Password, Database path (or address) စသည်တို့ကို သေချာစွာ မှတ်သားထားပါ။ Joomla install ပြုလုပ်သည့်အခါတွင် ၄င်း Database information များကို တောင်းလာပါလိမ့်မည်။

    Step 2 – Downloading Joomla Files
    Database setup ပြုလုပ်ပြီးသည့်နောက် joomla installation files ကို http://www.joomla.org/download.html တွင် download ပြုလုပ်ပါ။ ဒီနေရာမှာ Joomla version 2.5 ကိုအသုံးပြုပြသ သွားမှာ ဖြစ်ပါတယ်။ Download ရရှိလာတဲ့ joomla zip file ကို root folder (တနည်းအားဖြင့်) wamp www directory ထဲမှာ extract ပြုလုပ်လိုက်ပါ။ ဒီနေရာမှာ မိမိတို့အနေနဲ့ joomla ကိုသုံးပြီး website တစ်ခုတည်းကိုသာ ဖန်တီးမည်ဆိုပါက root folder ထဲကို တိုက်ရိုက် extract ပြုလုပ်ပါ။ သို့တည်းမဟုတ် website များကို များပြားစွာ ဖန်တီးမည်ဆိုပါက root folder ထဲတွင် sub folder များခွဲ၍ extract ပြုလုပ်ပြီး အသုံးပြုလျှင်လည်း ရနိုင်ပါသည်။
    • Install with root folder: http://yoursite.com/index.php
    • Install with sub folder go to: http://yoursite.com/joomlafolder/index.php

    Step 3- Running the Installation
    အောက်ဖော်ပြပါ Joomla 2.5 installation မှာတော့ အဆင့် (၇) ဆင့်ပါရှိပါသည်။
    1. Language
    2. Pre-installation Check
    3. License
    4. Database
    5. FTP Configuration
    6. Configuration
    7. Finish ...............စသည်တို့ဖြစ်ကြပါသည်။
    1. Language တွင် English (United States) ကိုရွေးပါ။
    2. Pre-installation Check အပိုင်းမှာတော့ joomla ကို installation မပြုလုပ်ခင် php, zip compression, XML, Mysql, MB language, MB String, MB Parser, Json, Configuration အစရှိသော items များ support လုပ်မလုပ် ကြိုတင်စစ်ဆေးခြင်း အပိုင်း ဖြစ်ပါသည်။
    3. License နှင့်ပတ်သက်သော အချက်အလက်များဖြစ်ပါသည်။
    4. Database Configuration အပိုင်းဖြစ်ပြီး phpmyadmin တွင်ဖန်တီးခဲ့သော Database information များကို မှန်ကန်စွာ ဖြည့်စွက် ရေးသား လိုက်ပါ။
    5. FTP Configuration အပိုင်းကိုတော့ Joomla Local installation မှာ အသုံးမပြုလည်း ရနိုင်ပါသည်။
    6. Configuration အပိုင်းဖြစ်ပြီး site name, admin email နှင့် password များဖြည့်စွက်ရေသားပေးပါ။ ထို့နောက် install sample data ကို ရွေးချယ် အသုံးပြုခြင်းအားဖြင့် Joomla installation package မှာပါဝင်တဲ့ sample content တွေဟာ beginners တွေအတွက်များစွာ အထောက် အပံ့ဖြစ်စေနိုင်ပါသည်။
    7. နောက်ဆုံးအပိုင်းမှာတော့ joomla installation package ကို rename (or) delete ပြုလုပ်လိုက်ပါ။ ထိုမှသာ joomla panel အတွင်းသို့ ၀င်ရောက်နိုင်မှာဖြစ်ပါသည်။ ဒီအဆင့်ကတော့ Joomla ရဲ့ Security features လို့လည်း ဆိုနိုင်ပါသည်။
    Read more…

    Installing Joomla

    Joomla install ပြုလုပ်ရန် နည်းလမ်း (၂)ခု ရှိပါသည်။ Manually install ပြုလုပ်ခြင်းနှင့် fantastico (သို့) C-panel ကဲ့သို့ installation software ကို အသုံးပြုခြင်း တို့ပဲဖြစ်ပါသည်။ ဒုတိယနည်းလမ်းကတော့ host’s server တွေမှာ တိုက်ရိုက် install ပြုလုပ်နည်းဖြစ်သလို installation of software နဲ့ site management အတွက် user friendly interface ဖြစ်ပါသည်။ မည်သည့်နည်းသုံးသုံး requirements တွေကတော့ နှစ်ခုစလုံးက အတူတူပဲဖြစ်ပါတယ်။
    Basic Requirements
    Joomla အသုံးပြုရန်အတွက် အောက်ပါနည်းပညာအချက်အလက်များ လိုအပ်ပါသည်။
    Read more…

    မပြောချင်လည်း ပြောရဦးမယ် Joomla သမိုင်းကြောင်း

    Joomla CMS ၀က်ဆိုဒ်တွေကို ဖန်တီးတဲ့ open source project system တစ်ခုဖြစ်ပြီး Mambo ကို fork လုပ်ရာကနေ ထွက်ပေါ်လာတဲ့ ဆော့ဖ်ဝဲလ် တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ fork ဆိုတာက software engineering နည်းပညာတစ်ခုဖြစ်ပြီး package တစ်ခုမှ source code ကို copyright law နှင့်အညီ ထုတ်လုပ်သူများထံမှ ကြိုတင်ခွင့်ပြုချက်မလိုဘဲ အခြားဆော့ဖ်ဝဲလ် အသစ်တစ်ခုကို ထပ်မံ တည်ဆောက်ခြင်း ဖြစ်ပါသည်။ Joomla ဟာ အာဖရိက ဘာသာစကား swahili ဘာသာရဲ့ Jumla ကို အင်္ဂလိပ်အသံထွက်နဲ့ရေးထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ "all together" လို့ခေါ် ပါတယ်။
    Joomla ဟာ open source ဖြစ်တာနဲ့အညီ အခမဲ့အသုံးပြုနိုင်ခြင်းနှင့် လေ့လာသင်ယူရာမှာလည်း အထိုက်အလျောက် လွယ်ကူမူရှိ တာကြောင့် နောက်ပိုင်းမှာ Joomla cms ကို အသုံးပြုလာကြပါတယ်။ Joomla အနေနဲ့ user interface အတွက် လွယ်ကူမှုရှိခြင်း နှင့် ပြောင်းလွယ်ပြင် လွယ်ရှိခြင်း တို့သည်လည်း လွန်စွာအသုံးဝင်ပါတယ်။ Joomla နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ Extensions (components, modules, plugins, templates, languages) တွေဟာလည်း အမျိုးအစားပေါင်း မြောက်များစွာ ရှိနေတယ် ဆိုတာ ပါပဲ။ ၄င်း extensions တွေကို user တွေ အနေနဲ့ မိမိစိတ်ကြိုက် သင့်တော် သလို ရွေးချယ်အသုံးပြုတတ် မည်ဆိုပါက learning curve နိမ့်နိမ့်နဲ့ တည်ဆောက်နိုင်ပါသည်။

    ထွက်ရှိခဲ့ပြီးသမျှ Joomla Versions များ

    Joomla 1.0 was released on september 22, 2005
    Joomla1.5 was released on january 22, 2008
    Joomla 1.6 was released on january 10, 2011
    Joomla 1.7 was released on july 19, 2011
    Joomla 2.5 was released on january 24, 2012
    Joomla 3.0 was released on september 27, 2012
    Read more…

    CMS ကောင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ

    ရိုးရှင်းပြီး လျင်မြန်တဲ့ installation လုပ်နိုင်ရမယ်။
    Help and supports community ကောင်းတခုရှိမယ်။
     Extensions/plugin တွေကို လွယ်ကူစွာအသုံးပြုနိုင်ရမယ်။
     Template တွေကို အလွယ်အကူ ပြုပြင်ပြောင်းလဲနိုင် ရမယ်။

    Administration အတွက် ရိုးရှင်းတဲ့ interface ရှိရမယ်။
    Forntend ကနေ editor level တွေအတွက် အဆင်ပြေစွာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရမယ်။
    လုံခြုံစိတ်ချရတဲ့ security ရှိရမယ်။
    Read more…

    ဘာကြောင့် CMS ကိုရွေးချယ်တာလဲ

    Web pages တွေကို တစုတစည်းတည်း စုပေါင်းပြီးသပ်ရပ်တဲ့ website တစ်ခုအဖြစ်ပြောင်းဖို့ ရည်ရွယ်ထား တဲ့အခါ (သို့) မိမိ website မှာ အခြား db_customization တွေမလိုပဲ၊ content တွေကို ပုံမှန်တင်နေဖို့ လိုအပ်တဲ့အခါ (ဥပမာ- blog တွေအနေနဲ့ အခြား db_customization လုပ်စရာမလို ပဲ ရေးသားသူရဲ့ ပို့စ်တွေကိုသာ ပုံမှန်တင်ပေးဖို့လိုပါတယ်။) CMS ကိုရွေးချယ် ပါသည်။ CMS တွေဟာ စွမ်းဆောင်ရည်တွေ ပိုမိုစွမ်းဆောင် လာနိုင်ပြီး community ၀ဘ်ဆိုဒ်ကြီးတွေအထိပါ တည်ဆောက်လို့ ရလာပါတယ်။


    CMS တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ plugins, modules တွေကလည်း အမျိုးအစားအစုံ ရှိနေပါပြီ။ ဒါကြောင့် နောက်ပိုင်းမှာ CMS ကို သုံးတတ်မယ်၊ plugins, modules စတာတွေကို သင့်တော်သလို ရွေးချယ်အသုံးချတတ်မယ်ဆိုရင် website တစ်ခုကို learning curve နိမ့်နိမ့်နဲ့ တည်ဆောက်နိုင်ပါတယ်။
    Read more…

    What is CMS?

    ရိုးရှင်းစွာ အဓိပ္ပယ်ဖွင့်ဆိုရရင်တော့ CMS ဆိုတာ content တွေကို Management လုပ်တဲ့စနစ်လို့ ဆိုပါတယ်။ CMS တွေက Database တွေချိတ်ဆက်အလုပ်လုပ်တယ် ဆိုပေမယ့် တကယ်တမ်းအသုံးပြုသူအနေနဲ့ Database အကြောင်း ခေါင်းစားစရာမလိုပါဘူး။ Content လို့ခေါ်တဲ့ စာတွေ၊ ပုံတွေ၊ အခြား ဗီဒီယိုလိုဖိုင်မျိုး တွေကို Back-end မှာ တည်းဖြတ်ထည့်သွင်းပြီး Front-end မှာ ပြန်ပြပေးတဲ့ အလုပ်တွေကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ အဲဒါကြောင့် Content Managament System လို့ခေါ်ပါတယ်။
    Content Management System(CMS) ဆိုသည်မှာ database ကို အခြေခံပြီး website အတွင်းရှိ content items များအား front end user သည် မည်သည့်နေရာမှမဆို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ Design များ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နိုင်သော Dynamic WebPortal စနစ်တစ်ခုဖြစ်သည်။
    Content Management System တစ်ခုတည်ဆောက်ရန်အတွက် Database Server, Web Server, E Mail Server, FTP Server နှင့် Serverside Scripting Language များလိုအပ်သည်။ ထို Server တစ်ခုခြင်းစီသည် သီးခြားစီအသုံးပြုသော Server များဖြစ်သဖြင့် ၄င်းတို့အားပေါင်းစပ်ပြီး CMS Engine တစ်ခု တည်ဆောက်ရန်အတွက် Server တစ်ခုနှင့်တစ်ခု Synchronize ဖြစ်ရန် အထူးလိုအပ်ပေသည်။ ထို့အပြင် အသုံးပြုမည့် Software System ကို ရွေးချယ်ရာတွင်လည်း တူညီမှုရှိရန်လိုသည်။ (ဥပမာ-Proprietary ( Such as Microsoft SQL, IIS..,etc.) နှင့် Open Source (Such as Linux, MySQL, Apache..,etc.)။ CMS Engine သည် Open Source System ဖြစ်ပြီး အောက်ပါ Server များနှင့် Scripting Language များ ပါဝင် ပါသည်။

    1.     MySQL (Database Server)

    2.     Apache (Web Server)

    3.     FilezillaFTP (FTP Server)

    4.     Mercury (E-mail Server)

    5.     PHP (Server-Side Scripting Language)

    စသည်တို့ကို လိုက်လျောညီထွေသည့် Software Version များပေါင်းစပ်ပြီး Application Server တစ်ခုအဖြစ် ပေါင်းစပ်တည်ဆောက်ထားသည်။ ထိုပေါင်းစပ်ထားသော Application Server Suite ကို Wamp ဟုခေါ်ပြီး ၄င်း Wamp Software ကိုသုံးခြင်းအားဖြင့် Server များတစ်ခုနှင့်တစ်ခု Sychronize ဖြစ်သည့်ကိစ္စကို ထည့်သွင်း စဉ်းစားရန်မလိုသဖြင့် Application Server ကိုလွယ်ကူစွာ Install လုပ်နိုင်မည်ဖြစ်သည်။

    သုံးစွဲသူများအား User Levels များကို Password များဖြင့် အဆင့်ဆင့် သတ်မှတ်နိုင်သောကြောင့် လုံခြုံမှုရှိပြီး Information Update/Create လုပ်ခွင့်ပေးထားသော အဆင့်ရှိသူများသည် HTML Language များကို နားလည်စရာ မလိုပဲ WYSIWYG Editor ဖြင့် Desktop Publishing တတ်မြောက်ထားသူပင် Web Page များအား ပြင်ဆင်တည်းဖြတ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Front End မှပင် မိမိ user level အလိုက် ၀င်ရောက်ဆောင်ရွက်နိုင်သဖြင့် ပိုမိုအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ထို့ကြောင်း အခြား Script များဖြင့် Dynamic Web Site တစ်ခုတည်ဆောက်ခြင်းထက် CMS (Open Source) စနစ်ကိုသုံးခြင်းသည် များစွာ ကောင်းမွန်မည်ဖြစ်သည်။ ထို့အပြင် E-mail နှင့် FTP Server များကို သီးသန့်တည်ဆောက်ရန် မလိုအပ်ပဲ CMS Engine ဖြင့်ပင် ဖန်တီးနိုင်မည်ဖြစ်သည်။

    CMS ဆိုတာ HTML, CSS, PHP စတဲ့ web language တွေကို အခြခံတတ်ထား နားလည်ထားရုံနဲ့ အဆင့်မြင့် Web Site တွေ ဖန်တီးနိုင်တဲ့ web application တစ်မျိုးပေါ့။ CMS တွေကိုသုံးပြီး များပြားတဲ့ Web Materials  (Web စာမျက်နှာ၊ ပုံ၊ သတင်းအချက်အလက်)တွေကို လွယ်ကူစွာ Manage လုပ်နိုင်ပါတယ်။ CMS Skin Template တွေ သုံးပြီးတော့လည်း Web Site ရဲ့ Design, Layout, Themes တွေကို ပြောင်းလဲနိုင်သလို မိမိလိုအပ်သော ပုံစံမျိုးလည်း အချိန်ပေးပြုပြင်ပြောင်းလဲပါက ရနိုင်ပါသည်။ Ready Maded ဆိုသော်လည်း မိမိအလိုရှိသောပုံစံရဖို့ အချိန်နှင့် HTML, CSS, PHP စတဲ့ web language တွေကို အခြေခံတက်ထားရပါမည်။

    Content Management System(CMS) ဆိုသည်မှာ database ကို အခြေခံပြီး website အတွင်းရှိ content items များအား front end user သည် မည်သည့်နေရာမှမဆို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ Design များ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်နိုင်သော Dynamic WebPortal စနစ်တစ်ခုဖြစ်သည်။

    Static Website များသည် အသစ်ရရှိသည့် ပြင်ဆင်လိုသည့် Content များကို Web Administrator မှသာ Back End User အနေဖြင့် မိမိ Web Page များကို ဖန်တီးခြင်း၊ ပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်းများအား ပြုလုပ်ရမည်ဖြစ်ပြီး မိမိ Web Site အား ရေးသားထားသော Programming Language ကို နားလည်တတ်ကျွမ်းသော Programmer လိုအပ်မည် ဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက်များကို ရရှိသူမှ Administrator သို့ Hard Copy, Soft Copy စသဖြင့် တစ်နည်းနည်းဖြင့် ပေးပို့ပြီးမှသာ ဖန်တီးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်၍ မှားယွင်းနိုင်ခြင်း၊ လူအင်အားသုံး ဆောင်ရွက်ရခြင်း၊ အချိန်ပေးရခြင်း နှင့် New Informations များအား အချိန်နှင့်တပြေးညီ မလွှင့်တင်နိုင်ခြင်း စသည့် အားနည်းချက်များရှိပါသည်။ CMS ကိုသုံးခြင်းဖြင့် နေရာဒေသအသီးသီးမှ စုဆောင်းလိုက်သည့် သတင်းအချက်အလက် များကို မိမိ Website အတွင်းအချိန်နှင့် တပြေးညီ (Real Time) ထည့်သွင်းဖော်ပြနိုင်သောကြောင့် လျင်မြန်ခြင်း၊ တိကျခြင်းများအပြင် Programmer မလိုအပ်ပဲ Desktop Publishing တတ်သူဖြင့်ပင် Web Page များကို ပြင်ဆင် တည်းဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
    Read more…