Website တစ်ခုလုပ်တော့မယ်ဆိုရင် အကြောင်းအရာတစ်ခုခုကို ဦးတည်ရမှာတော့ အသေအချာပါပဲ။ ဒီတော့ ကိုယ်ကဘယ်လိုဆိုဒ်မျိုး တည်ဆောက် ချင်တာလဲ။ ဥပမာ - စာအုပ် ဆိုင်လိုမျိုး ဆိုဒ်တစ်ခုပြုလုပ်မယ်ဆိုပါစို့။ ရှိသမျှစာအုပ်အကုန်လုံးကို တခါတည်းတင်လိုက် လို့ရပေမယ့် လာရောက် ဖတ်ရှုလေ့လာ ကြမယ့် customer တွေအတွက် အလွယ်တကူ ရှာဖွေနိုင်မယ့် ပုံစံရှိရမယ်ထင်တယ်။ ဒါကြောင့် စာအုပ်တွေအများကြီး တင်ထားယုံနဲ့ မပြီးဘူး။ စာရေးဆရာ (အမျိုးသား၊ အမျိုးသမီး)၊ စာအုပ်အမျိုးအစား( ကျန်းမာရေး၊ ဗဟုသုတ၊ ၀တ္ထု၊ ဆောင်းပါး၊ မဂဇင်း)အလိုက် စသဖြင့် ခွဲခြားထားရမယ်။