ကျွန်တော်နားလည်သလောက်ကတော့ WYSIWYG (what-you-see-is-what-you-get) editor ဆိုတာက Code View အနေနဲ့ရော Visual View အနေနဲ့ ပါကြည့်ပြီး အလွယ်တကူလုပ်လို့ရတဲ့ Editor တိုင်းကို ခေါ်ပါတယ်။ အခု Joomla 2.5 မှာ Default ပါလာတဲ့ TinyMCE editor ဟာဆိုရင် WYSIWYG Editor ရဲ့  platform တစ်ခုဖြစ်ပါတယ်။ ၄င်း Plugins ရဲ့ လုပ်ဆောင်ချက်ကတော့ joomla article တွေမှာ table သွင်းတာတွေ, σ,Σ အစရှိတဲ့ special character တွေကိုသုံးချင်တဲ့ခါ, H2O ဆိုတဲ့ subscript and superscript button တွေကို ရေးချင်တဲ့ခါ လွယ်ကူစွာ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
TinyMCE ရဲ့ Functionality (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့...
simpleAdvancedExtendedအထက်ပါ (၃)မျိုးအနက် Joomla 2.5 installation ပြုလုပ်ပြီးတာနဲ့တပြိုင်နက် မြင်တွေ့ရမှာတော့ TinyMCE - Advanced ကိုပဲဖြစ်ပါတယ်။ ခုနက ပြောသွားတဲ့ function တွေကိုသုံးချင်ရင်တော့ Plugin Manager ထဲက Editor - TinyMCE ရဲ့  Functionality ကို Extended ပြောင်းလိုက်ပါ။